စောင်းသံလေးက အိမ်တွင်းမှုကျောင်းတော်၏ ပရဝဏ်အတွင်းမှ ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်နေသည်။ ထိုစောင်းသံကို ပံ့ပိုးကာမြည်ကျုးလာသည်က စည်းနဲ့ဝါး၊ အနောက်က ဆိုင်းသံ ဗုံသံတို့ကလည်း ကာရံညီစွာ ပါဝင်တီးခတ်ကြပေသည်။
ပွဲကြည့်စင်ပေါ်မှာလည်း ကျောင်းတော်မှ အငယ်တန်းလက်ရွေးစင် မိန်းကလေးအချို့က ဆင်တူရောင်တူ အဝတ်အစားလေးတွေဝတ်ကာ ညီညီညာညာ ယိမ်းလို့
. . .
ကျောင်းဆင်းပွဲကြီး ကျင်းပချိန်ရောက်ပြီလေ. .
ခြယ်ခြယ်ကတော့ အခြားသူငယ်ချင်းတွေနဲ့ အဝတ်အထည်အကြောင်း၊ အလှအပအကြောင်း၊ လက်ဝတ်ရတနာအကြောင်း စတဲ့မိန်းမတိုင်း စိတ်ဝင်စားတဲ့ ကိစ္စတွေကို ရယ်ရယ်မောမောကြီး ဝိုင်းဖွဲ့ဆွေးနွေးနေပါတယ်။
ပွဲခင်းထဲမှ မယ်ဝဒီ ခပ်သုတ်သုတ်ထထွက်လာခဲ့တယ်။ ဒီလိုမျိုး ဘာသာရပ်တွေက မယ်ဝဒီနဲ့ မဆိုင်သလိုပါပဲ။ နေ့နေ့ညည စာမေးပွဲတိုင်းမှာ ပထမရဖို့ ကြိုးစားနေရတာနဲ့ တခြားကိစ္စတွေမှာ အချိန်မပေးနိုင်ခဲ့ပါဘူး။သူများတွေ ဘယ်လိုပျော်နေပျော်နေ မယ်ဝဒီကတော့ မပျော်နိုင်ပါ။ သည်ကျောင်းဥယျာဉ်ထဲမှာ အမှတ်တရတွေ အများကြီးရှိနေခဲ့တာကိုး. .
>>ဖျော်ဖြေရေးတွေပြီးမှ ဆုပေးပွဲကစမယ်။ ဆုပေးပွဲပြီးရင် နေ့လည်စာစားပွဲနှင့် နူတ်ဆက်ပွဲ။ ဒီနေ့တော့ ညနေမှ အိမ်ပြန်ရောက်မယ်ထင်တာပဲ။<<
တစ်နေ့တစ်နေ့ မိုးလင်းလာလိုက် မိုးချုပ်သွားလိုက်နဲ့ ရာသီတွေပြောင်းလဲခဲ့တာ
ကောင်းကင်မှာ နေကတစ်ပတ်ပြီးတစ်ပတ် နေ့စဉ်ဖြတ်သန်းသွားသလိုပဲ အဖြစ်အပျက်တွေလည်း အများကြီးဖြစ်သွားခဲ့တယ်။
မမသဒ္ဒါသေဆုံးပြီးတဲ့နောက်မှာ ရှင်အရည်းကြီးကျောင်းတော်မှာလည်း သွေးချောင်းစီးတဲ့စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့တယ်။
မသဒ္ဒါအလောင်းကို မီးသဂြိုလ်တဲ့နေ့မှာပဲ အရည်းကြီးကျောင်းတော်ကို ဇေယျကျော်ထင်က မီးသွားရှို့ခဲ့တယ်။ အရည်းကြီးတွေ အတော်များများလည်း သူ့ရဲ့ဓါးချက်အောက်မှာ ဇီဝိန်ချုပ်ခဲ့ကြရတယ်ပေါ့နော်။
BẠN ĐANG ĐỌC
ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)
Viễn tưởngI Got Married To The Son Of Sakra ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က အင်မတန်စိတ်ဓါတ်ခိုင်မာပြီး strong ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ ငယ်ငယ်ထဲက နိုင်ငံရေး၊ ဘာသာရေးမုန်တိုင်းတွေကြားထဲမှာ အပေးအယူတွေ၊ ရက်စက်မှုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့သူမဟာ မထင်မှတ်ဘဲအချစ်တစ်ခုက...