အပိုင်း (၇) နန်းမြိုင်လယ်မှ ပန်းပွင့်များ

1.9K 51 1
                                    

နယ်စားမင်းအိမ်တော် ရတနာလှည်းယာဉ်က တော်ဝင်နန်းတော်အရှေ့တွင် ရပ်တန့်သွားပါသည်။ လှည်းယာဉ်အတွင်းမှ ဝဒီရာနှင့်အတူ နယ်စားမင်း မာဘိတ္တတို့ ဆင်းလာကြသည်။

ဤသည်မှာ ဝဒီရာအတွက် နန်းတွင်းသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ပြီး၊ ကောင်းပေ့ညွှန့်ပေ့ဆိုသော ပိုးဖဲကတ္တီပါအဝတ်တန်ဆာတို့ကိုလည်း ပထမဆုံးအကြိမ် ဆင်ယင်ခွင့်ရခြင်း ဖြစ်သည်။

အကြောင်းအရင်းမှာ စောင်းပြိုင်ပွဲတွင် ဝဒီရာတစ်ယောက် ပထမရခဲ့လေပြီ။ နေ့နေ့ညည ကြိုးစားလုံ့လပြုခဲ့သောကြောင့် စောင်းအတတ်ပြိုင်ပွဲကို ကျွမ်းကျင်ပိုင်နိုင်စွာ အမှတ်အများဆုံးဖြင့် အောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အောင်စာရင်းထွက်သည်နှင့် နယ်စားမင်းကြီးကလည်း ဝမ်းသာအားရဖြင့် မယ်ဝဒီကို စတင်ပွဲထုတ်ပါလေ၏။ သူပြောထားသည့်အတိုင်း ပရောဟိတ်ကြီးနှင့် မိတ်ဆက်ပေးရန် ဝဒီရာအား နန်းတွင်းသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

ကတ္တီပါဖိနပ် အနီကလေးကို ကျော့ကျော့လေးစီးရင်း ပန်းနုရောင်ပိုးပုဝါလေးကိုရုံကာ ခေါင်းမော့ရင်ကော့ပြီး နန်းတွင်းရှိ အဆောင်တော်များတစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့သည်။ မြင်မြင်သမျှ သူမအတွက် အသစ်အဆန်းများ ဖြစ်နေသောကြောင့် နန်းတွင်းအဆောင်တော်နှင့် ဥယျာဉ်တော်တို့၏ ခမ်းနားမှုများကို သူမမိန်းမောကြည့်ကာ စိတ်ကူးယဉ်မိလေသည်။

>> ဟိုနားက ပန်းခြုံတွေ သစ်ပင်ပန်းမန်တွေကလည်း လှလိုက်တာနော်၊

ဟော. . . ကန်တော်နံဘေးက ဇရပ်လေးမှာထိုင်ပြီး ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ကန်တော်ရဲ့ အလှကိုငေးကြည့်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲပြီးတော့ ဟိုမှာလည်း ပန်းလေးတွေ လှလိုက်တာ. .ဟယ်.. ကြည့်ပါအုံး နန်းတွင်းမှာ ဥဒေါင်းငှက်တွေ အလှမွေးထားသေးတာလား. . .<<


ထိုစဉ်

"ကျွန်တော်မျိုး ငယ်ကျွန်တော် မာဘိတ္တမှ ရိုသေစွာဦးခိုက်ပါ၏ ဘုရား၊ အရှင့်သားရဲ့ ဘုန်းမီးနေလ အတိုင်းအစမရှိအောင် ထွန်းလင်းပါစေ"

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Opowieści tętniące życiem. Odkryj je teraz