- 🪽 -
မိုးသောက်ချိန်၌ သူတို့နှစ်ဦး အနောက်တောထဲမှ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ကာ ထွက်လာခဲ့သည် ။
ကင်မ်မျိုးနွယ်လေးက ဂျွန်မျိုးနွယ်လေးအား စိုးရိမ်ရိပ်သန်းနေသော မျက်ဝန်းအိမ်တို့ဖြင့်ကြည့်လိုက်သောအခါ ဂျွန်မျိုးနွယ်လေးက ဆုပ်ကိုင်ထားတဲ့ ကင်မ်မျိုးနွယ်၏ လက်တစ်ဖက်ကို နမ်းရှိုက်သည် ။
"စိတ်မပူပါနဲ့ ကိုယ်မင်းကိုကာကွယ်မယ် . . ကိုယ်တို့ကို သူတို့သတ်တော့မသတ်လောက်ပါဘူး"
ဂျွန်မျိုးနွယ်က စစနောက်နောက်ပြောတော့ ကင်မ်မျိုးနွယ်မှာ မျက်စောင်းကလေးကြိတ်ထိုးသည် ။
"သတ်လို့လည်း မရပါဘူးလေ မင်းယောက်ျားက ဘယ်သူမို့လို့လဲ. .ဒီကမ္ဘာရဲ့ သက်တမ်းတစ်ခုမှာ နှစ်ယောက်မရှိဖြစ်တည်နေတဲ့ Enigma လေ ကိုယ့်ကို ယုံကြည်ထားပေးနော် အချစ်. . "
"ငါမင်းကို ယုံပါတယ်. . .ဒါပေမဲ့ ငါ ပါပါးကိုကြောက်တာက ကြောက်တာပဲလေ "
" ဘေဘီ ဒီမှာကြည့် မင်းကလည်း dominant alpha ပဲနော် ကိုယ်တို့အတူရင်ဆိုင်လို့ရပါတယ် ကိုယ်မြင်ရသလောက်တော့ မင်းပါပါးက ဆိုးရွားတဲ့အထဲမှာမပါပါဘူး သူဒါကို အချိန်ယူပြီးလက်ခံနိုင်မှာ သေချာပါတယ်"
ဂျောင်ကုက ဆော့ဂျင်ရဲ့ မထင်ထားသော ပုံစံကြောင့် ပြုံးမိသည် ။ ဆော့ဂျင်က ပါပါးဘွိုင်းလေးပင် ။ သူ့ပါပါး စိတ်ဆိုးမည့် အလုပ်ကို လုပ်မိသွား၍ ဆိုးရွားစွာတုန့်ပြန်မှာကို စိုးရိမ်နေသည် ။
"အချိန်မယူခင်မှာ မင်းပြောသလို ငါ့ကို မသတ်ဘူးလို့ ပြောလို့မရဘူးလေ ငါတော့ နာနာဗျင်းခံရမှာ သေချာပေါက်ပဲ"
"ဖွ ဖွ. .မင်းကိုသတ်ရင် ကိုယ်ပါလိုက်သေပေးမယ်ကွာ မဟုတ်တာတွေ မပြောတော့နဲ့ အခု ကိုယ်တို့ ကုန်တိုက်မှာ အင်္ကျီသွားဝယ်ပြီးလဲရအောင် ဒီတစ်ထည်ကို ဘယ်နှပတ်တောင် ဝတ်ထားခဲ့ရလဲ နံနေပြီ "
"မင်းမကောင်းလို့လေ ကြိုတင်ပြင်ဆင်ထားတာမဟုတ်ဘဲ ငါ့ကို ခေါ်လာတယ် "
"ဟော. .နောက်တစ်ခါ ကိုယ်ဆေးမိမှ မင်းအတွက် မွေ့ယာအကြီးကြီးရယ် အင်္ကျီတွေရယ် တစ်ကိုယ်ရေသုံးပစ္စည်းတွေရယ်ပါ ယူလာပြီး မင်းကို ခိုးပြေးမယ် ကတိ!"
YOU ARE READING
We're not ROMEO and JULIET
Werewolf" ငါတို့ရဲ့ဇာတ်သိမ်းက ရိုမီယိုနဲ့ဂျူးလိယက် လိုဖြစ်နေမှာလား. . ? ဒါပေမယ့် မင်းနဲ့ငါက ရိုမီယိုနဲ့ဂျူးလိယက်မှမဟုတ်ဘဲ. .~ " Enigma - JUNGKOOK Dominant alpha - JIN 010823 - by Fogi-Nochu 🦦