(၁၃.၄.၁၉၉၉)
ကျွန်မက နုနုရွယ်ရွယ်ရှိသေးတဲ့ ဆရာဝန်မလေးတစ်ယောက်ပေါ့။ ကျွန်မရဲ့နာမည်က ဒေါက်တာကျော့ကေခိုင်တဲ့။ ဒီမြို့မှာတော့ ကျွန်မဟာ နာမည်ကြီးဆရာဝန်မလေး တစ်ယောက်ပေါ့။ ကျွန်မကို ဒီမြို့က လူတွေက သိပ်ချစ်ကြတာ။
ကျွန်မ ရံဖန်ရံခါ စျေးဝယ်ထွက်သည့်အချိန်မျိုးတွင်တော့ ရပ်ကွက်ထဲမှ စျေးသည်များက ဆရာမဘာယူမလဲဟု ရိုသေစွာ အလေးထားကာ မေးမြန်းကြတတ်သည်။ ကျွန်မသည် အိမ်မှုကိစ္စများကိုလည်းမလုပ်တတ်။ ကျွန်မ လုပ်တတ်သည့်အရာက ဒဏ်ရာ ရလာသည့် လူနာများကို ဆေးကုပေးဖို့လောက်ပဲတတ်သည်။
ကျွန်မသည် အမျိုးသမီးများ ပြုလုပ်သော တံမြက်စည်းလဲခြင်း၊ မီးဖိုချောင်ဝင်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်း တို့ကို ကျွန်မဟာ မပြုလုပ်တတ်။လုပ်လည်း မလုပ်ဖူး။ ထိုအလုပ်များကို အလုပ်သမားငှား၍သာ လုပ်ခိုင်းတတ်သည်။ ကျွန်မသည် အမျိုးသမီးများ ပြင်ဆင်တတ်သော မိတ်ကပ်၊ နှုတ်ခမ်းနီ စသည်တို့ကိုလည်း ကျွန်မဟာ မဆိုးတတ် မကိုင်တတ်။ ကျွန်မသည် သနပ်ခါးကိုပင် လိမ်းတတ်သော သူတစ်ယောက် မဟုတ်ပါပေ။
ကျွန်မနေထိုင်ရာ မြို့လေးသည် လူများသော်လည်း အေးချမ်းသာယာသော မြို့လေးတစ်မြို့ပင်ဖြစ်သည်။ ထိုမြို့ကလေး၌ နေရခြင်းကို ကျွန်မဟာပျော်သည်။ ကျွန်မရဲ့ အသက်က ၂၃ ဝန်းကျင်ပေါ့။ တိတိကျကျတော့ မပြောလိုပါဘူး ပိုရင်လည်းပိုနိုင်တယ်လျော့ရင်လည်းလျော့နိုင်တာပါပဲ။
မြန်မာနိုင်ငံရဲ့ တောင်ဖက်အစွန်းဆုံးမြို့မှာ ဂျူတီကျတဲ့ ကျွန်မကတော့ ထို ကော့သောင်းမြို့ကလေးကို ၂၀၀၀ ဝန်းကျင်လောက်က စပြီးပြောင်းလာခဲ့သည်။ ယခုက ၂၀၀၂ ခုနှစ် ကျွန်မဒီရောက်တာ ၂နှစ်ပြည့်တဲ့နှစ်ပေါ့။ ကျွန်မ၏ ပတ်ဝန်းကျင်မှာ နေ့ဖက်တွင်တော့ တိတ်ဆိတ်ပြီး၊ ညဖက်တွင်တော့ အနည်းငယ်ဆူညံတတ်သည်ဟု ကျွန်မထင်သည်။
ဘာကြောင့်ဆို ကျွန်မနေတဲ့အိမ်က လက်ဖက်ရည်ဆိုင်နှင့် နီးတာက တစ်ကြောင်း ၊ နံဘေးအိမ်က ၂နှစ်သားကလေးက တစ်ဂွမ်ဂွမ် အော်ငိုနေတာက တစ်ကြောင်းကြောင့်ဖြစ်မည်။ နံဘေးအိမ်က ၂နှစ်သားကလေးအပြင် ဗိုက်ထဲတွင်လည်း မွေးခါနီး သမီးလေးတစ်ယောက် ရှိပြန်သည်။
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ