အပိုင်း၂၁

37 4 0
                                    

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်၊ ပိတ်ချိတ်ဂိတ်မှာ အန်တီမကြီးနှင့် ချာတိတ်တို့ စက်လှေပေါ်တွင်ရှိနေလေ၏။

စက်လှေပေါ်၌ လူအများစုနှင့် တန်းတူထိုင်နေရလေ၏။ လူမှာ ၁၀ယောက်ခန့်ရှိမည်။ သို့သော်လည်း ချာတိတ်မှာ ပျော်ရွှင်နေသဖြင့် မည်သည်ကိုမျှ မမြင်နိုင်တော့...။ မသိနိုင်တော့။

ထိုစက်လှေပေါ်တွင် အန်တီမကြီးနှင့် ချာတိတ်နဲ့ နှစ်ယောက်သာရှိသည်ဟုထင်နေသည်။ မဟုတ်သေး စက်လှေမောင်းသော အသားမဲမဲနှင့် ဦးလေးကြီးလည်းရှိသေးသည်။ အင်း သုံးယောက် သုံးယောက်တည်းရှိသည်ဟု ချာတိတ်ထင်မိခြင်း။

ထိုစက်လှေစစထွက်ပြီးလို့ မြွေကျွန်းကိုရောက်သည် မြေကျွန်း၌ တာမောထိုးရသည်။ တာမောထိုးတာကို ချာတိတ်တို့ မြေကျွန်းပေါ်သို့ တက်စရာမလို...။ သို့ပေမယ့် ထိုင်နိုင်ငံအပိုင် ရေအလယ် တာမောရောက်လျှင်တော့ ချာတိတ်တို့တက်ကာ တာမောထိုးရပေးအုံးမည်။

ကော့သောင်းမြို့ဟု ခေါ်ဆိုလာရခြင်းမှာ ထိုင်းဘာသာစကားနဲ့ ခေါ်ဆိုလာခြင်းဖြစ်သည်ဟုအန်တီမကြီးပြောပြတုန်းက ကြားဖူးသည်။

ကော့သောင်းမြို့ အနီး၌ ရှိသော အနောက်မြောက်ဘက် မိုင်သုံးဆယ်အကွာတွင် ရွှေထွက်သည်ဟု ကြော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်းဟုလည်းကောင်း၊ မြို့အနောက်တောင်ဖက် ၄၅မိုင်အကွာတွင် ဝူးဖရမ်း(အဖြိုင်နက်)များထွက်ရှိသည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း တည်ရှိသည်။

ထိုကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာစကားဖြင့် ကော့(ကျွန်း)ကို ကိုယ်စားပြုပြီး၊ စွန်ကတော့ (နှစ်)ကို ကိုယ်စားပြုသည်။ ထိုကြောင့် ထိုင်းဘာသာစကားဖြင့် ကော့စွန်း ကျွန်းနှစ်ကျွန်းဟု ခေါ်ဆိုရာမှ ကော့သောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်တဲ့။

မြန်မာဘာသာစကားဖြင့် ကော့သောင်းဟူသော အဓိပ္ပါယ်မှာ ကော့ လှပကျော့ရှင်းသော ကျွန်းအလှတရားဖြင့်၊ သောင်း ထောင်သောင်းမကသော ပုလဲများ ရွှေများ ထုတ်ပေးသော သိန်းသောင်းချီတန်သော နေရာဟု အဓိပ္ပါယ်ရသည်။ ထိုကြောင့် ထိုင်းအာဏာပိုင်များဟာ ထိုနေရာကို မျက်စိကျနေခြင်း။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Donde viven las historias. Descúbrelo ahora