ဒီနေ့က ချာတိတ်ကို မြေချမယ့် နေဆိုတော့ ချာတိတ်တို့အိမ်၌ လူများက ရှုတ်ရှုတ်ယှက်ယှက်၊ မိခင်ဖြစ်သူမှာတော့ သေဆုံးသွားတဲ့ သူ့သမီးကို ကြည့်ပြီး ငိုသာလျှင် ငိုနေသည်။ ထမင်းလည်း မစား၊ ရေလည်း မသောက် ဂျုန်းဂျုန်းကျကာ ပြိုလဲသွားမည့် အဖြစ်ကို မြနှင်းစံ ခံစားနေရသည်။အစ်ကိုဖြစ်သူ'သူရအာကာကိုတော့ ထိုကောင်မလေး သေဆုံးပြီး နောက်တစ်ရက်မှာပင် ရဲများက အမှုစစ်ဖို့ ခေါ်သွားတာ အခုထိ ပြန်မပေါ်လာသေးပါ။ မဟုတ်မှ သူညီမလေးကို သူလက်နဲ့ သတ်လိုက်တာပါဟု ဝန်ခံလိုက်တာများလား?
အန်တီမကြီးကတော့ ချာတိတ်ပေးထားသည့် လက်ဖဝါးကပ်တိုင် ဆွဲကြိုးလေးကို ဆုတ်ကိုင်ထားလျက် အိမ်၏ ထောင့်တစ်ထောင့်တွင် စိတ်မရှိစွာ ထိုင်နေလေသည်။ အန်တီမကြီး၏ စိတ်တို့ သေဆုံးသွားရပြီ။ ထိုစိတ်နဲ့ နေ့လည်ဖက် ဘယ်လိုများ မင်္ဂလာ ဆောင်နိုင်ဦးမှာလဲ?
သင်းအုပ်ဆရာများက အဆက်အပြတ် လောဘန်ကို ဖုတ်နေတာ အခုချိန်ထိ မရပ်။ မကြာခင်မှာ ချာတိတ်ကို မြေတောင်'ချတော့မှာ။ ထိုစဥ် သင်းအုပ်ဆရာဆီမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ရေပေးချိုးရအောင်...၊ အမျိုးသမီးသင်းအုပ်ဆရာမတွေ ရေပေးချိုးလိုက်ပြပါ... မကြာခင် တီးဝိုင်းအဖွဲ့ လာတော့မှာ"
အမျိုးသမီးများက ထိုသူ၏ ရုပ်အလောင်းကို ယူတင်ကာ ရေချိုးခန်းဆီသို့ ခေါ်ဆောင်ကာသွားသည်။
အန်တီမကြီးကမူ ထိုအမျိုးသမီးကို ကြည့်ချင်ပေမယ့် ခွန်အားမရှိတော့။ ဆယ်တန်းအောင်ရင် ဖိနပ်ဝယ်ပေးအုံးလို့ ပြောခဲ့တဲ့ သူမရဲ့ စကားကို အန်တီမကြီး မဖြည့်ဆည်းပေးနိုင်တော့။ထိုအမျိုးသမီး၏ ဇာတ်လမ်းဟာ ဇာတ်သိမ်းတော့မှာများလား? ထိုအမျိုးသမီးက လောကကြီးကို တကယ်ပဲ နှုတ်ဆက်လိုက်လေပြီလား?
မဟုတ်သေး သူသည် ကျွန်မစကားကို အမြဲနားထောင်ခဲ့သော သူတစ်ယောက် အခုနေ ကျွန်မက သူကို ပြန်ရှင်လာစေရင် သူချက်ချင်းပြန်ရှင်လာရမှာပေါ့ သူဘာလို့ ပြန်မရှင်နိုင်ရတာလဲ?ထိုစဥ် အိမ်ရှေ့သို့ နာရေးလိုက်ပို့မည့်ကားများက အတန်းလိုက်ကြီး ရပ်စောင့်နေကြသည်။ ကား အစီး ၁၀ ကျော်လောက်ရှိမည်... အများစုက ကျောင်းသားများပင်။ ဟုတ်သည် အန်တီမကြီး မလက်ခံချင်ပေမယ့် လက်ခံရတော့မည်... ချာတိတ်ဟာ ဤ လောကကြီးကို နှုတ်ဆက်သွားခဲ့ပြီဆိုတာ။
KAMU SEDANG MEMBACA
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romansaအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ