မနေ့က အစ်ကို အစ်ကို၏သူငယ်ချင်းကို ဖုန်းဆက်ကြီးလှမ်းပြော၍ထားသည်။ ယနေ့အစ်ကို ကရင်ပြည်မှ ပြန်ရောက်ပါမည်တဲ့။ အစ်ကိုသူငယ်ချင်းတစ်ယောက်က မနေ့ကလှမ်း၍ အိမ်မှာလာပြောပေးရှာသည်။
အစ်ကိုပြန်လာတော့မည်ဆိုတော့ ချာတိတ်အတွက် ကရင်အင်္ကျီဝတ်စုံလေးတစ်စုံတော့ ပါလာမှာအမှန်ပင် အစ်ကိုမသွားခင်တုန်းက ယူလာပေးမည်ဟု အစ်ကို ကတိပေးထားဖူးသည်။ အစ်ကိုသည် ကတိဖျက်တတ်သောသူမဟုတ်။
ချာတိတ်ဒီနေ့ ပျော်ရွှင်နေဟန်ရှိပါ၏။ ချာတိတ်မှာ အစ်ကိုနှင့်တွေ့ရတော့မည်။ ထိုအပြင် ကရင်ဝတ်စုံလှလှလေးလည်းဝတ်ရအုံးမည်။ ချာတိတ် ကရင်ဝတ်စုံနှင့်လှပနေသောပုံကို အန်တီမကြီးကို အရင်ဆုံးပြရမယ်။
အန်တီမကြီး၏ နှတ်ခမ်းဖျားမှ 'ချာတိတ်မင်းက ချောလိုက်တာ'ဟု ထွက်ပေါ်လာခဲ့လျှင် ချာတိတ်တော့ မျောက်အုန်းသီရသကဲ့သို့ ပျော်ရွှင်မိမှာ အမှန် အသေအချာ။
ချာတိတ် အခန်းထဲက ကုလားထိုင်၌ ထိုင်နေရင်း အူကလီကို ဆွဲယူတော့ အူကလီ ခရမ်းရောင်လေးမှာ ချာတိတ်လက်ထဲ၌ပါလေ၏။ အူကလီ ကီးချိန်တံအပေါ်သို့ မေးစေ့ကိုတင်ထားကာ မနေ့က ဘုရားကျောင်း၌ ပြောခဲ့သည်များကို ပြန်စဥ်စားနေမိ၏။
မနေ့က ပြောခဲ့သည်များက သိပ်ကို လှပေ၏။ အန်တီမကြီးသည် ချာတိတ်၏ ပထမဆုံး ဧဝံဂေလိ ဟောခံရသောသူ ဖြစ်လေသဖြင့် ချာတိတ်ပိတိများဝေဖျာနေသည်။
"အန်တီမကြီးကို ချာတိတ်သိပ်ချစ်တာကို သက်သေပြမယ်" ဟူသော စကားသံလေးကို ချာတိတ်အမှတ်ရနေမိတော့၏။ ၅၅၅တောင်က ဆုခန့်ရာဇာနဲ့အတူ ဆုတောင်းခဲ့သည် ဆုက ထိုတစ်ခုတည်း၊ ယခု၌လည်း ထိုတစ်ခုတည်း ဘုရားကျောင်းရောက်တိုင်း ဆုတိုင်းတာကလည်း ထိုတစ်ခုတည်း။ အင်း ထိုဆု ပြည့်ပါမည်လေ။
ပြည်ခဲ့ပါရင်တော့ "ပါချန်မြေမှအချစ်သက်သေပေါ့" အင်း အင်္ဂလိပ်လိုဆို Proof of love from Parchan River.
"သမီးရေ...၊ နိုးပြီလား!!?"
အိမ်ရှေ့ခန်းမှနေ၍ အော်သံသဲ့သဲ့ကိုကြားတော့ ချာတိတ်လှမ်းအော်၍ ထပ်ပြောမိပြန်သည်။
VOUS LISEZ
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Roman d'amourအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ