သာယာလှသော နေခင်းတစ်ခုတွင်ပေါ့ အန်တီမကြီး အိပ်ယာထက်မှ နိုးထလာခဲ့တော့သည်။ မှတ်မှတ်ရရ ဒီနေ့ဟာလည်း တနင်္ဂနွေနေ့ပါ။ တနင်္ဂနွေ့တွင် ဆေးရုံမပိတ်ပါပေ။ ဆေးရုံဖွင့်ပါသည်။
ခွဲစိတ်ဆရာဝန်မဖြစ်သည်မို့ အချိန်တိုင်းဆေးရုံတွင်ရှိနေနိုင်ပါသည်။ သို့သော်လည်း ချာတိတ် ဆယ်တန်းပြီးကတည်းက ညဖက်ပဲ အလုပ်ဆင်းဖြစ်နေတော့သည်။ နေ့ခင်းဖက်တွင် အိပ်ချင်အိပ်မည်။ စာအုပ်ဖတ်ချင်ဖတ်မည်။ ဤသည်မှာ အန်တီမကြီး၏ နေ့စဥ် အလုပ်များပါ။
ဧပြီလဖြစ်သည်မို့ သင်္ကြန်ကလည်းနီးလာလေပြီ၊ မကြာခင်မှာ ပိတောက်ပန်းတွေကလည်း လှိုင်လှိုင်ပွင့်ကြအုံးမှာ။ ချယ်ရီပန်းကဲ့သို့ ကြွေလွယ်သော ပိတောက်ပန်းများကို မြင်ချင်လှနေပြီ။
ဒီနေ့တွင်မှာမူကား ရပ်ကွက်၌ အလှူအထိန်းအမှတ်အနေနဲ့ နိဗ္ဗာန်စျေးကို စည်ကားစွာ ကျင်းပမည်ဟု လွန်ခဲ့သော တစ်ပတ်ကတည်းက အန်နီမကြီး ကြားခဲ့ပါသည်။ နှစ်စဥ်နှစ်တိုင်း ကျင်းပတတ်သော နိဗ္ဗာန်စျေးသည် အမြဲလူစည်ကားတတ်၏။
သင်္ကြန်နေ့များကို မကြာမှီရောက်လာတော့မည်ပဲဟု စိတ်ထဲမှ တစ်ချက်ချတွေးကာ အိမ်နောက်ဖက်သို့ တန်းကာ ဝင်လာခဲ့တော့သည်။ အိပ်စက်ထား၍ အိပ်ငိုက်နေသော မျက်နှာကို ထပ်မအိပ်ငိုက်အောင် ရေဖြင့် ပတ်ချလိုက်လေတော့သည်။ ထိုအခါတွင် ကြည်လင်သွားသော မျက်နှာပါ။
ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ရွှေမင်းဝံ၅လမ်း၏ ဟိုဖက်လမ်းတွင် ဧည့်သည် မိသားစု ရောက်နေသည်ဟု စိုင်းဆိုင်းအေဖ နှင်းဆီပန်းလာပေးတုန်းကသိခဲ့ရသည်။ ထိုမိသားစုမှာမူကား ယခုအိပ်ငှားကာနေသော ပိုင်ရှင်များဖြစ်သည်ဟု စိုင်းဆိုင်အေဖပြောမှသိရသည်။
စိုင်းဆိုင်အေဖဟူသော ထိုကောင်းလေးသည် ရှမ်းတိုင်းရင်သားဖြစ်သည်။ ရှမ်းများကဲ့သို့ ဖြူဖွေးလှသော အသားအရည်မရှိပါ။ သိပ်ကိုမှ ပြည့်စုံခြင်းမရှိပါ။ ငယ်ငယ်ကတည်းက မြိတ်မြို့မှာ ကြီးပျင်းခဲ့သည်ဟု အန်တီမကြီး မှတ်ချက်ချလိုက်မိတော့သည်။
ESTÁS LEYENDO
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ