"အခင်းမြက်က မြကောဇော်အလား
ပန်းဖောက်ထားတဲ့ လမ်းသွယ်လေးတွေ
ခေတ်အဆက်ဆက် အရစ်တတ်တဲ့ရွှေ
လိမ်းသုတ်ထားတဲ့ မင်းတို့နန်းဆောင်တွေ""ဝင်းဝါနေသော မန္တလာမြေ
အမြဲသာယာတဲ့ နန်းတော်ရှေ့
မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ""မင်းတို့နန်းအတွက် ဦးဆွေ့ဆံမြန်း
ထမ်းရွက်ဖို့အတွက် ကတိပြုပါတယ်လေ
မင်းတို့ရဲ့နန်းတွင်းရှေ့မှာ တံခါးမှူးအဖြစ် ထမ်းခွင့်ပေးပါလေ...""အရမ်းကဗျာဆန်သော ဟင်္သာ ရေ၊
ပန်းသဏ္ဍာန်ရှိသော ဟင်္သာရေ မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ"(ဟင်္သာဒိုင်ယာရီမှ ဇာတ်ကောင်များ ပါဝင်လာသည့်အတွက် ဟင်္သာဒိုင်ယာရီနှင့် သက်ဆိုင်သော သီချင်းကို ထည့်ပေးထားပါသည်။ ဟင်္သာဒိုင်ယာရီမှ ပါဝင်လာသော သူများမှာ-
၁ ဗ္ဟံဟင်္သာ
၂ ပြည့်မြတ်ကျော်စွာ
၃ ဇီးကွက်
၄ အမည်မရှိ ပြည့်မြတ်ကျော်စွာအမေ
၅ ဦးကျော်စွာ)***
သိပ်လှတဲ့ ကော့သောင်းမြို့ကြီးဟာ ပါချန်မြစ်ရဲ့ အလှပန်းချီကြောင့် သိပ်ကိုလှပနေပါတယ်တဲ့။ ကော့သောင်းမြို့ လှပရခြင်းရဲ့ အကြောင်းတစ်ခုမှာ ပါချန်မြစ်ကြောင့်ဟု ပြောလျှင် မလွဲမသေ မှန်ကန်ပေလိမ့်အုံးမည်။နောက်တစ်ချက်မှာမူကား ထိုမြို့သူမဟုတ်သော မော်လမြိုင်သူ တစ်ဦးရှိနေသောကြောင့်လည်း ဖြစ်ပေလိမ့်အုံးမည်။ ဟုတ်ပါသည် ထိုသူက မော်လမြိုင်သူ ဒေါက်တာ ကျော့ကေခိုင်ပါပင်။
ချာတိတ် အဓိပတိလမ်းလေးပေါ်မှ လျှောက်ကာ ရွှေမင်းဝံ၅လမ်းအထိ လမ်းလျှောက်လာခဲ့သည်။ ကော့သောင်းမြို့၏ အဓိပတိလမ်းမှာ ၁မိုင် ဗလီ ရှေ့မှစပြီး ရွှေမင်းဝံ ၈လမ်း အထိဖြစ်ပေ၏။ သို့သော် ချာတိတ်မှာမူ ရွှေမင်းဝံ ၅လမ်း၌ နေသည်မို့ ရွှေမင်းဝံ ၅လမ်း ဘယ်ဘက်သို့ ဝင်လာခဲ့သည်။
ချာတိတ်တစ်ယောက် သူတို့ အိမ်ရှေ့ ခြံဝ၌ရပ်ကာ အန်တီမကြီး၏ အိမ်ကို တစ်ချက်မျှ လှည့်ကြည့်လိုက်သည်။ ဤသည်မှာ ချာတိတ် လုပ်နေကျ အရာများထဲက တစ်ခု။ နေစဥ် အလုပ်တစ်ခုတောင် ဖြစ်၍နေလေပြီ။
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ