အပိုင်း၂၃

54 4 0
                                    

.ဝီးညော် ဝီးညော်!!!!

ဆေးရုံကားတစ်စီးသည် ဆေးရုံဝန်းထဲသို့ ဝင်လာလိုက်ပုံများ မငြိမ်သက်စွာ။ ဆူလောင်လှသော အရေးပေါ်ကားမှထွက်ပေါ်လာသည့်အသံကို ချာတိတ် မကြိုက်။

သတိရှိနေသေးသော ချာတိတ်သည် ထိုအသံများထက် အန်တီမကြီး၏ အသံကိုသာ နားထောင်ချင်သည်။ ချာတိတ်၏ လက်အားဆုတ်ကိုင်ထားသော အစ်ကိုသူရအာကာ၏လက်ထက် အန်တီမကြီး၏ လက်ကိုသာဖြစ်ချင်သည်။

နောက်ဆုံး ချာတိတ်အား ကုသပေးမည့်သူကိုလည်း အန်တီမကြီးကိုပဲ ဖြစ်ချင်သည်။

အရေးပေါ်လူနာဟူသော အသံကြားသည်နှင့် ပြေးကာရောက်လာသော ဆရာဝန်တစ်ယောက်ကို ချာတိတ် အနည်းငယ်ဟနေသော မျက်လုံးဖြင့်လှမ်းကြည့်မိတော့ ထိုသူမှာ အန်တီမကြီးမဟုတ် ထိုသူမှာ စန္ဒာဝင်း။

ချာတိတ်မလိုချင် ချာတိတ်ခေါင်းခါပေမယ့် ဘယ်သူမှမမြင် ခေါင်းဟာ သိသိသာသာ မလှုပ်ရှား ချာတိတ်အား ကုပေးသောသူကို စန္ဒာဝင်းထက် အန်တီမကြီးကို ဖြစ်စေချင်သည်။

အန်တီမကြီး ဘယ်သွားနေသလဲဟု ချာတိတ် နာကျင်နေပေမယ့် စိတ်ပူနေဆဲ။ မဟုတ်မှလွဲ ဆုခန့်ရာဇာ၏ အဖေနဲများ အတူတူ အပြင်ထွက်လည်နေသလား? ချာတိတ်ဟာ ရုတ်တရက်ကြီး သဝန်တိုစိတ်များဖြစ်လာသည်။ ဒါဟာ ချာတိတ်ဘဝရဲ့ ပထမဆုံး သဝန်တိုခြင်းပါ။

"ညီမလေး အားတင်းထားနော်"

ထိုစဥ် စန္ဒာဝင်းက အသက်ကြီးဆရာဝန်ပီသစွာပင် နှစ်လတာရှည်လုပ်လာသော အလုပ်ဖြစ်သောကြောင့် ဘယ်ကဘယ်လိုဖြစ်သည်ကိုစသိသည်။

စန္ဒာဝင်းမှာ ကြည့်လိုက်သည်နှင့် သွေးများကျနေသော ဦးခေါင်းသည် တစ်ခုခုနှင့် ရိုက်မိထားခြင်း သို့မဟုတ် ချော်လဲခြင်း စတဲ့ဒဏ်ယာမျိုးမှဖြစ်တတ်တာ။ ထိုကဲ့သို့ သွေးများစွာကျနေသော ပုံကိုကြည့်ရလျှင် ချာတိတ်မှာ ထိုဒဏ်ယာကို ချုပ်ကိုချုပ်ရမယ်။

"ထုံဆေးနဲမေးဆေး ယူလာပေးပါ...၊ ချုပ်မှရမယ်။ မဟုတ်ရင် အသက်အန္တရယ် စိုးရိမ်ရတယ်"

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Donde viven las historias. Descúbrelo ahora