သာယာသော နေ့ခင်းတစ်ခုတွင်၊ ဆေးရုံရှေ့မှ ကံ့ကော်ပန်းများ ကြွေကျနေသည့်အချိန်၊ နေပူသော ရာသီဥတုအချိန်တွင် ကျွန်မ၏ နားနေခန်းသို့ စန္ဒာဝင်း တစ်ယောက်ရောက်ရှိလာ၏။ ကျွန်မ၏ တစ်ယောက်တည်းသော သူငယ်ချင်းမှာ စန္ဒာဝင်းပင်ဖြစ်သည်။ အင်းခက်ပါပေသည်။
ကျွန်မဆီသို့ ပြေးကာဝင်လာသော စန္ဒာဝင်းကို ကျွန်မအသေအချာကြည့်မိနေပါ၏။ သို့သော်လည်း စန္ဒာဝင်းသည် ကျွန်မခပ်ထားသော ရေတစ်ခွက်ကို ဦးစွာ မော့သောက်လိုက်လေတော့၏။
"ဘာတုန်းဟ၊အရေးတကြီးနဲ့"
"ဆုခန့်မင်းမော်၊ ဆုခန့်မင်းမော်..."
ဆုခန့်မင်းမော်ဟူသည့်စကားကြောင့် ကျွန်မ မျက်လုံးမှာပြူးမိသွား၏။ ဆုခန့်မင်းမော်နှင့် ကျွန်မနှင့်ဟာ မည်သည်မျှ မသက်ဆိုင်တော့ပဲ။ သူဟာလည်း အိမ်ထောင်ပြုခဲ့ ပြီးပါပြီ။ အိန္ဒြာမြတ်ချယ်ဆိုသည့် အမျိုးသမီး တစ်ဦးနှင့်ပေါ့။
"အင်း၊ တော်တော်ကို ကြာခဲ့ပြီပဲ၊ ဘာဖြစ်လို့လဲ!"
"သူ သူ ကော့သောင်းမြို့ကိုရောက်နေတယ်၊ ငါနဲ့ မြို့မစျေးနဲ့တွေ့လိုက်တာ"
"အဲတော့ရော!"
"သူနင့်ကို လိုက်ရှာနေတာ ကေခိုင်"
ကျွန်မကို လိုက်ရှာနေသည်ဟူသော စကားသံကြောင့် ကျွန်မ၏ မခုန်တာကြာပြီဖြစ်သော နှလုံးခုန်သံက ထပ်မံ၍ ခုန်မင်လာခဲ့သည်။ သေချာသည် တစ်ခုက ဤတစ်ကြိမ် နှလုံးခုန်ခြင်းမှာ အချစ်ကြောင့်မဟုတ်၊ သေချာပါသည် အချစ်ကြောင့်မဟုတ်၊ တခြားဘာကြောင့်လဲဆိုတာ မသိပါ။
"ပြီးတော့ သူ့ကလေးက ဆယ်ကျော်သက်အရွယ်တောင်ဖြစ်နေပြီ၊ ငါမေးတာတော့ သူတို့ကော့သောင်းရောက်နေတာ ကြာပြီတဲ့၊ ငါတို့နဲ့မတွေ့ဖြစ်တာပဲ ဖြစ်မယ်။ ပြီးတော့နင်ဒီမြို့မှာ မရှိကြောင်း ငါလိမ်လိုက်တယ်၊ ဆုခန့်မင်းမော်က အိန္ဒြာမြတ်ချယ်နဲ့ လက်ထက်ပြီး တော်တော်ကို ချမ်းသာသွားတဲ့ပုံပဲ"
"အင်း၊ ငါလိုမိန်းမကို မရွေးချယ်ခဲ့တာ သူ့အတွက်ကံကောင်းသွားတာပေါ့၊ သူလိုယောက်ျားကို ရခဲ့တဲ့ မိန်းမက တော်တော်ကို ကံဆိုးမှာပဲ"
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ