အပိုင်း၇

42 4 0
                                    

စုံညီပွဲတော်၌ ကနေစဥ် အချိန်အတွင်း ဦးနှောက်ထဲတွေးမိနေသောသူက အခြားသူမဟုတ် အန်တီမကြီးပင် ဖြစ်ချေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် အန်တီမကြီး လာကြည့်မည်ဟုပြောပြီး လာမကြည့်ခဲ့ပါ။ ထိုကြောင့် ချယ်ရီစံ၏ စိတ်ထဲ တစ်ခုခုလိုလို ဖြစ်သွားခဲ့ရပါ၏။

စင်အောက်၌ရှိသော အမိုးနှင့် အစ်ကိုမှာလည်း ချယ်ရီစံအားကြည့်ကာပီတိဖြစ်နေပါသည်။ ထိုကြောင့် ချယ်ရီစံမှာ တိုင်းရင်းသား အကကို သေချာစွာ ကနေပါသည်။ စင်ပေါ်မှ စင်အောက်သို့ လှမ်းကြည့်ခိုက် အမိုး၏ ဘေးတွင် ရပ်ကွက်ထဲမှသူ စိုင်းဆိုင်အေဖ ကရပ်နေပြီး အစ်ကိုဖက်မှာတော့ ပိုင်လေးဟုခေါ်သော လူပျိုသိုးကြီးက စကားပြောနေပါသည်။ ထိုလူပျိုသိုးပိုင်လေးမှာလည်း ခရစ်ယာန် ဖြစ်သည်။

*အန်တီမကြီး လာမကြည့်ဘူးပေါ့*

စင်ပေါ်၌ကနေသော်လည်း အတွေးများဟာ အန်တီမကြီးဆီသို့သာရောက်နေပါ၏။ သို့ပေမယ့်လည်း အကတွေ အားလုံးမှာ မှန်နေပါသည်။ အက ကခြင်းပြီးဆုံးသွားသည်မို့ စင်အောက်သို့ဆင်းလာချိန်တွင် အမိုးနှင့်အစ်ကို၊ ပိုင်လေးနှင့်စိုင်းဆိုင်အေဖတို့က လာကြိုနေသည်။

"နှစ်ခုလုံး ပြီးပြီးဆိုတော့ အိမ်ပြန်ရအောင်ညီမလေး.."

"အစ်ကို ဘယ်အချိန်ရှိပြီလဲဟင်"

ထိုစဥ်တွင် ပိုင်လေးသည် သူ့၏လက်၌ ပတ်ထားသော နာရီကိုကြည့်ကာ...

"၁၀နာရီခွဲပြီ.."

"အင်း.. ပြန်ရအောင်လေ..."

ချယ်ရီစံတို့ မိသားစု ၃ ဦးနှင့် ပိုင်လေးနှင့်စိုင်းဆိုင်အေဖတို့ ၅ယောက်စလုံးဟာ အိမ်ကို တူတူပြန်လာခဲ့တော့သည်။ လမ်းတွင်လည်း စကားပြောသံများက ဆူညံနေပါသည်။

**

အိမ်ပြန်ရောက်တော့ ပထမဆုံးလုပ်မိတဲ့အရာဟာ အန်တီမကြီးရဲ့ အိမ်ကို ကြည့်ဖြစ်ခြင်းပါ။ အိမ်ရှေ့၌ ရောက်နေသော်လည်း ချာတိတ်၏ မျက်စိများသည် အန်တီမကြီးရဲ့ အိမ်ခန်းကိုသာ မျက်လုံးရောက်နေသည်။ မီးပိတ်ထားသည်မို့ အန်တီမကြီး အိပ်ပျော်သွားပြီထင်သည်။ အင်း အန်တီမကြီးက ဆရာဝန်ဆိုတော့ ပင်ပန်းနေလောက််မှာပါ။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Donde viven las historias. Descúbrelo ahora