"မတွေ့တာတောင်ကြာပြီနော် ကျော့ကေခိုင်၊အခုချိန်ထိ လှတုန်း၊နုတုန်းပါပဲလား?"
ထိုသူ၏ဆီမှ ထွက်ပေါ်လာသော စကားသံကြောင့် ကျွန်မ၏ နှလုံးများခုန်မင်လာခဲ့သည်။ ဆုခန့်မင်းမော်၏ စကားသံကြောင့် တိမ်မြုပ်နေပြီဖြစ်သော ကျွန်မ၏ နှလုံးသားများ တစ်ဖန် ခုန်မင်လာခဲ့ပြန်ပါသည်။ ထိုခံစားချက်မျိုးကို နှစ်ပေါင်း၂၀ ကျော်ကြာပြီးမှ ထပ်ဖြစ်ဖူးချင်းမျိုး။ ထိုအရာကို မည်သို့ အမည်တပ်မည်နည်း။
"ကျေးဇူးတင်ပါတယ်"
"ဒါနဲ့ ဒါက နင့်သမီးလား?"
"ဟင့်အင်း...၊ ငါ့တပည့်"
"ဒါနဲ့ အိမ်ထောင်ပြုပြီးပြီးလား?"
ကျွန်မ မျက်ရည်ဝဲစွာဖြင့် ဆုခန့်မင်းမော်၏ မျက်ဝန်းကို ကြည့်မိလိုက်၏။ ပြီးနောက် ညိုးငယ်စွာဖြင့် ကျွန်မ ခေါင်းခါမိပါသည်။ ကျွန်မ ထိုအဖြေအား မပေးချင်လှပါ။ နံဘေး၌ ကလေး၂ဦး ရှိနေသောကြောင့်လည်းပါမည်။
"အော်ဒါနဲ့၊ ဒီတစ်ပတ်အားရင်တွေ့ရအောင်လေ..."
ကျွန်မလက်ခံလိုက်သင့်ပါသလား? ကျွန်မ ထိုအခြေအနေကို သေချာမခွဲခြားတတ်တော့ပါ။ စန္ဒာဝင်း ကျွန်မကို အသိလာပေးကတည်းက ကျွန်မ တိုင်ပင်ခဲ့သင့်တာ။ ကျွန်မ လေကြီးမိုးကြီး ပြောခဲ့မိသည်။ ဖားတုလို့ ခရုခုန်ချင်မိသည်။ အခု ဆုခန့်မင်းမော်နဲ့ ပြန်တွေ့တော့ ကျွန်မမှာ ညိုးငယ်စွာ။ ရင်ခုန်ခြင်းများဟာလည်း မရပ်တန့်သေးပေ။
ဆုခန့်မင်းမော်မှာ နာမည်အတိုင်း ခန့်ချောချောပါသည်။ သြဇာအာဏာလည်း ကြီးမားပါသေးသည်။ ယခုချိန်ထိ ကျွန်မ အတွက် ရင်ခုန်စရာကောင်းနေခဲ့ပါသည်။
"ဆေးရုံအလုပ်တွေရှိတယ်၊ မအားလောက်ဘူး မင်းမော်!"
ကျွန်မ ထိုသူအား ဆုခန့်မင်းမော်ဟု မခေါ်တတ်ပေ။ ကျွန်မ၏ အတိတ်မှာ ကျွန်မ ထိုသူကို မင်းမော်ဟုသာ ချစ်စနိုးနဲ့ခေါ်တတ်ပါသည်။ ယခု အချိန် ထိုနာမည်သည် ကျွန်မ၏ နှုတ်ဖျားမှ ထွက်လာတော့ ကျွန်မဖြင့် အသက်ကြီးမှ ရှက်သွားသယောင်။
"ဒါဆို ဖေဖေတို့ စကားပြောထားလိုက်နော်၊ သားနဲ့ချယ်ရီ အသုတ်သွားယူလိုက်မယ်"
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ