အပိုင်း၁၅

26 3 0
                                    


"အမိုးရေ အမိုး!!"

အိမ်ခန်းထဲမှနေ၍ အော်သံနှင့် အတူ ပြေးထွက်လာသော သူရအာကာပင်။ သူရအာကာသည် လက်ထဲတွင် ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ကာထားလေတော့သည်။

မျက်ဝန်းထဲ၌လည်း  မျက်ရည်တွေက အပြည့်။ သို့သော် သူရအာကာ မငိုနေပါ။ သူရအာကာသည် မည်သို့သော အခါမှလည်း မငိုဖူးပါပေ။

သူရအာကာ၏ အသံကြောင့် အိမ်ခန်းထဲ၌ အူကလီ တီးကျင့်နေသော ချာတိတ်လည်း အိမ်ခန်းပြင်သို့ လျင်မြန်စွာ ပြေးထွက်လာတော့သည်။ သူရအာကာ၏ အမိုးဖြစ်သူ မြနှင်းစံမှာလည်း အိမ်နောက်ဖက်မှ အိမ်ရှေ့သို့ ပြေးထွက်လာတော့သည်။

အမိုးနှင့် ချယ်ရီစံ သူရအာကာကို ထူးဆန်းသော အကြည့်မျိိုးဖြင့်ကြည့်နေတော့သည်။ သူရအာကာသည် တံတွေးတစ်ချက်မျှ မြိုချကာ....။

"အပါးတို့ရွာ မီးရှို့ခံရလို့တဲ့"

ချာတိတ်သည် အမိုးကို လှမ်းကြည့်လိုက်သည်။ အမိုးမှာ မယုံနိုင်စွာဖြင့် သူရအာကာအား လှမ်းကြည့်နေတော့သည်။ အမိုးမှာ တကယ်ကို မယုံသည်ပုံပင်။

"ဘာကြောင့်လဲ သားရဲ့"

"စစ်ဘေးဒဏ်ကြောင့်တဲ့...၊ အပါးရဲ့ ဖိုးအေက ပြောတာ"

ချာတိတ်မှာတော့ နားမလည်မိပါ။ မျက်လုံးလေး ကလည်ကလည်သာ ဖြစ်နေ၏။

"အဲဒါ ဖိုးအေက နောက်ဆုံးအနေနဲ့ သူမြေးလေးကို တွေ့ချင်လို့တဲ့ အမိုးရဲ့၊ ဖြစ်နိုင်ရင် မိသားစု ထဲက တစ်ယောက်ကို လွတ်လိုက်ပါတဲ့ တောင်းဆိုတာပါတဲ့ Messanger မှာ စာလာပို့သွားတာ"

"ဒါဆို သားပဲသွားလိုက်ပါ အမိုးနေခဲ့မယ်"

"ဒါဆို ညီမလေးကို သားခေါ်သွားမယ်"

ချာတိတ်မှာ အစ်ကို၏ စကားကြောင့် ပြာပြာသလဲလဲ ငြင်းမိလေတော့၏။ ချာတိတ်သည် အန်တီမကြီးရှိသော ကော့သောင်းမြို့ကြီးကို မခွဲနိုင်ပါပေ။ ထိုအပြင် ပါချန်မြစ်ကြီး၊ နေဝင်ချိန်လေး၊ နေထွက်ချိန်လေး အရေးအကြီးဆုံးကတော့ အန်တီမကြီးပင်...။ အန်တီမကြီးနှင့် ခွဲရမည့် အဖြစ်ကို ချာတိတ်မလိုချင်ပါပေ။ 

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Where stories live. Discover now