မနက်ခင်း အချိန်တွင် ကျွန်မ၏ တံခါးအား အားဖြင့်လှမ်း၍ခေါက်နေကြသည်။ ခေါက်နေကြသောလူမှာ တော်တော်များမည်ဟု ကျွန်မထင်သည် အနည်းဆုံး၃ယောက်ခန့်ရှိလောက်မည်။ တံခါးခေါက်ချက်များမှာ ပြင်းလွန်းသဖြင့် အိပ်ယာထဲ၌ အိပ်ပျော်နေသော ကျွန်မပါ နိုးသွားရသည့်အထိ ကြမ်းသည်။
ကျွန်မ အိပ်ယာမှနိုးနိုးခြင်း မျက်နှာတောင်မသစ်ပဲ၊ ကျွန်မအိပ်ယာမှကဗျာကယာထကာ အိပ်ပေါက်ဝဆီသို့သွားလိုက်လေ၏။ ဂျက်ချာထားသော တံခါးအား ကျွန်မကောက်ဖွင့်လိုက်ချိန်တွင် တံခါးရှေ့၌ရှိနေသော ကလေးနှစ်ဦး၊ သေချာသည် ထိုကလေးနှစ်ဦးထဲမှာ တစ်ဦးက သူရအာကာ၊ ကျန်သောတစ်ဦးမှာ ချယ်ရီစံပင်ဖြစ်မည်။
ချယ်ရီစံသည် တစ်ဖြေးဖြေးဖြင့် အသက်ကြီးလာသည်။ အခုလောက်ဆို ၇နှစ်လောက်ရှိလောက်ပြီ။ အရာရာကို သိနားလည်သည့်အရွယ်ရောက်ပြီ။ ချယ်ရီသံသည် ကျွန်မအား သဘောမကျသော အကြည့်မျိုးဖြင့်ကြည့်လာသည်။
"မင်းတို့ဘာလို့အဲလောက်တဲခါးကို ထုနေရတာလဲ?"
"မေမေ မေမေ!"
"ဘာ မြနှင်းစံ ဘာဖြစ်တာလဲ?"
ကျွန်မသည် မြနှင်းစံကို ဘာများဖြစ်သွားသလဲဟုစိုးရိမ်ပူပန်သွား၏။ ထိုကလေးနှစ်ဦး တံခါးကို အဲလောက်ပျင်းပျင်းထုနေရင် သေချာပြီ ထိုကလေးနှစ်ဦး၏ မိခင် မြနှင်းစံတစ်ခုခု ဖြစ်၍နေသည်။
အကြီးဖြစ်သူ သူရအာကာကတော့ မျက်ရည်များအူဝဲနေသည်။ အငယ်ဖြစ်သူကတော့ ဆံပင်ခပ်တိုတိုနှင့် မျက်နှာတွင် မျက်ရည်အူနေခြင်းမျိုးမရှိ။ ပြတ်သားသည်ဟု ကျွန်မခံစားရသည်။
"မင်းတို့စောင့်နေကြ၊ လိုအပ်တာသွားယူလိုက်မယ်"
ကလေးနှစ်ဦးသည် ထိုစကားအားကြားသည်နှင့် အိမ်ပေါက်ဝမှနေ၍ လျင်မြန်စွာပင် ပြေးထွက်သွားသည်။ သူရအာကာသည် အငယ်ဖြစ်သော ချယ်ရီစံကို သေချာကလေး လက်အားဆုတ်ကိုင်ကာ ဆွဲ၍ နံဘေးခြံထဲသို့ ဝင်ပြေးသွားလေ၏။
ကျွန်မဟာလည်း လိုအပ်သော ဆေးသေတ္တာကို လျင်မြန်စွာ စာရေးစားပွဲပေါ်က ကောက်ယူလိုက်သည်။ ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက်ပင် လူနှစ်ဦး၏ ဓာတ်ပုံတစ်ပုံသည် ကြမ်းပြင်ထက်သို့ပြုတ်ကျသွား၏။ မြတ်နိုးလှသော ထိုဓာတ်ပုံအား တစ်ချက်စောင့်ငဲ့ကြည့်ကာ လျင်မြန်စွာပင် အိမ်ပြင်သို့ပြေးထွက်ကာ နံဘေးခြံထဲသို့ဝင်လိုက်လေ၏။
STAI LEGGENDO
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Storie d'amoreအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ