Paing Min Htwe:
ချာတိတ်တို့ကျောင်းစာမေးပွဲပြီးတာ ထိုနေ့နှင့်ဆိုလျှင် ၁ပတ်တိတိပင်။ စာမေးပွဲ ပြီးသည့်နေမှစ၍ ချာတိတ်မှာ အန်တီမကြီး၏ အိမ်သို့ လုံးဝပင် မရောက်ခဲ့တော့ပါ။ တွေ့လည်း မတွေ့ခဲ့ပါ။ ချာတိတ်မှာ ရပ်ကွက်ထဲက ကလေးများနှင့် ဂေါ်လီရိုက်နေသည်ဟု အသံများကြားရသည်။ မဖြစ်ပါဘူးလေ ချာတိတ်တို့အိမ်ကိုတော့ အလည်မသွားမှရမယ်လေ။အန်တီမကြီး ပိုက်ဆံအိတ်ကလေးကို ပုခုံးထက်သို့တင်ကာ အောက်သို့ဆင်းလာခဲ့သည်။ ထုံးစံအတိုင်း ခေါင်းထက်၌ နှင်းဆီတစ်ပွင့်က ရှိစမြဲပင်။ အိမ်အောက်သို့ဆင်းပြီးသည်နှင့် မျက်လုံးကစားမိတော့ ချာတိတ်ကို မတွေ့ပါ။ အန်တီမကြီးသည် ချာတိတ်ကို မတွေ့ပါပဲနှင့် ချာတိတ်၏ အိမ်သို့ဝင်ခဲ့လိုက်တော့သည်။ အချိန်မှာ ညနေခင်းဖြစ်၏။
ထုံးစံအတိုင်းချာတိတ်တို့အိမ်မှာ ရုပ်ပုံဟူ၍ မရှိပါ။ နံရံ၌ ချိတ်ဆွဲထားသော လက်ဖဝါးကပ်တိုင်အကြီးကြီး တစ်ခုသာရှိသည်။ အိမ်လေးမှာ သန့်တော့ သန့်ရှာပါ၏။ သန့်ရှာပါ၏။ အန်တီမကြီး အိမ်ထဲသို့ရောက်သည်နှင့် လှမ်း၍ အော်ခေါ်မိသည်က ချာတိတ်၏ မိခင်ကိုပင်။
"မမြနှင်းစံ မမြနှင်းစံရေ!!"
ထိုစဥ် အိမ်နောက်ဖေးဖက်မှနေ၍ ပြန်လည်၍ ထူးသံကိုကြားရသည်။
"ဟုတ်ကဲ့၊ဆရာမရေ ဝင်လာလိုက်ပါ"
အန်တီမကြီး ခြေလှမ်းများကိုဖွဖွနင်းကာ လျောက်၍ အိမ်နောက်ဖက်သို့ဝင်လာခဲ့သည်။ ထိုအခါတွင် ထမင်းချက်သော နေရာလေးကိုတွေ့ရသည်။ ချာတိတ်တို့သည် ထင်းမီးကိုသာ အသုံးပြုမှန်း အခုမှသိရသည်။ အန်တီမကြီး၏ အိမ်မှာဆိုလျှင် ဂက်(စ်)နဲ့သုံးတာ ဂက်(စ်)အိုး သံချေးကိုက်သည်အထိပင်။
"ဘာလာလုပ်တာလဲဆရာမ၊ ဝတ်စရာမကျန်တော့လို့လား၊ လျှော်ပေးရတော့မှာလား"
"မဟုတ်ပါဘူး မမြနှင်းစံရဲ၊ ဒီတိုင်း ချာတိတ်ကို လာရှာတာ ချာတိတ်ရော"
"ထုံးစံအတိုင်းပေါ့၊ ဟိုဖက်လမ်းမှာ ကလေးတွေနဲ့ ဂေါ်လီရိုက်ပြီး ဘောလုံးကန်နေတာပဲ၊ ကျွန်မကို ပြောသွားတာတော့ ကြိုးခုန်မလို့တဲ့"
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ