.ချာတိတ်တစ်ယောက်ချာတိတ်တစ်ယောက်ချာတိတ်တစ်ယောက်ချာတိတ်တစ်ယောက် အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်း၌ ဒိုင်ယာရီစာအုပ်ထဲတွင် အန်တီမကြီးကို ဘယ်လောက်ထိ သဘောကျသည့် အကြောင်းများရေးနေသည်။ ထိုဒိုင်ယာရီစာအုပ်ထဲတွင် ချာတိတ်သည် အန်တီမကြီးကို သဘောကျပြီး တစ်ပတ်လောက်အလိုတွင်ရေးခဲ့သည်။
ဒိုင်ယာရီ၏ အစတွင် အန်တီမကြီးနှင့် အတူတူလုပ်ချင်သည့်အရာကို စာမျက်နှာ ၁ အစအဦးတွင်ရေးသား၍ ထားသည်။ ထိုကဗျာများသည် ချာတိတ်စိတ်ထဲက တကယ်ဖြစ်ပေါ်သည့် အတိုင်းကိုသာ ရေးသားထားသည်။ ထိုအရေးအသားမှာမူကား...
"ဒိုင်ယာရီရဲ့အစဦးမှာ အန်တီမကြီးကို ရှိစေချင်သည်။ ကော့သောင်းမြို့က အစချီလို့ အန်တီမကြီး၏ လက်ကို ကိုင်ချင်သည်။ အချစ်လှေကလေးကို စီးချင်သည်။ ပါချန်မြစ်ကိုဖြတ်ပြီး အန်တီမကြီးနဲ့တူ ရနောင်းမြို့ကို သွားချင်သည်။"
ထိုသည်မှာ ပထမစာမျက်နှာ၌ ရေးသားထားသည်ဖြစ်ပြီး ဒုတိယ စာမျက်နှာမှာမူကား
"ကဗျာမဆန်သော အန်တီမကြီး၊ မချစ်တတ်သော အန်တီမကြီး၊ ဘာဆိုဘာမှမလုပ်တတ်သော အန်တီမကြီးကို ကျွန်မ ဘာကြောင့်ချစ်မိသွားခဲ့သနည်း။"
ထိုဒိုင်ယာရီ၏ အလယ်အလတ်လောက်ထိ ရောက်သွားပြီဖြစ်သော စာမျက်နှာကို လှန်ကာ တစ်ခြားခံစားချက်ကို ရေးမည်ပြုလုပ်တော့ ဆုခန့်ရာဇာက စာအုပ်ကို လှမ်းဆွဲယူလိုက်သည်။
ချာတိတ်သည် ဆုခန့်ရာဇာ ထိုသို့ အတင်းလုယူမည်ဟု မထင်ထားပါပေ။ ကျောင်းခန်းထဲ၌ ရှိသော သူများအားလုံးသည် စာမေးပွဲအတွက် စာကိုသာ သေချာကျက်နေကြသည်။ ဒီအခန်းထဲ၌ စာမကျက်သောသူဟူ၍ ချာတိတ်တစ်ယောက်သာ ရှိသည်ဟု ထင်ပြီး ကျောင်းခန်းထဲ၌ ဒိုင်ယာရီရေးဖို့ ပြင်ချင်းဖြစ်သည်။
ဆုခန့်ရာဇာ ဆွဲလုလိုက်သော ထိုစာအုပ်ကို ချာတိတ်ပြန်လုမည်ခန့်ပြုတော့ ချာတိတ်ထက် အားပိုကြီးသူ သူရအာကာဆီသို့သာ ထိုစာအုပ်ကလေးရောက်ရှိသွားတော့သည်။
CZYTASZ
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romansအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ