(၁၈.၇.၂၀၀၁)
ကျွန်မထိုကော့သောင်းမြို့တွင်သာ တာဝန်ကျနေခဲ့သည်က ယခုဆိုလျှင် ၇နှစ်လောက်ရှိပြီ။ ကျွန်မသည် ထိုမြို့တွင် ခွဲစိတ်ဆရာမ လုပ်သည်။ ကျွန်မသည် ခွဲပဲ ခွဲစိတ်တတ်သည် ကလေးမမွေးတတ်ပါချေ။ သို့သော် ထိုမြို့တွင် ကျွန်မလက်ဖြင့် မွေးခဲ့ဖူးသော ကလေးက တစ်ဦးသာရှိသည်။ ထိုကလေးက ကျွန်မ၏ အိမ်နံဘေးက ချယ်ရီစံဆိုသည် ကလေးမငယ်။ကျွန်မ ထိုကလေးနှင့် သိပ်မတွေ့မိပါ။ ကျွန်မသည် အိမ်တွင်း၌သာ နေတတ်သောသူတစ်ယောက်ဖြစ်သည်။ နေ့ဖက်များတွင်လည်း အိမ်ထဲ၌သာ တစ်ယောက်တည်း ရုပ်ရှင်ကြည့်၊ စာလေ့လာ၊ စိတ်ပန်းဖြေရာများနဲ့ အိပ်စက်ခြင်းတို့ကိုသာ ကျွန်မပြုလုပ်သည်။ ထိုကြောင့်ကျွန်မ ထိုကလေးကို သိပ်မတွေ့ဖြစ်နိုင်သည်။ တွေ့တော့တွေ့ပါသည် ရှားသည်။
ရံဖန်ရံခါတော့ ကျွန်မထိုကလေးအား မေတ္တာသက်ဝင်မိသည်။ ထိုကလေးသည် ချစ်စရာကောင်းသည်ဟု ကျွန်မထင်သည်။ ဖြူဝင်းလှသော ထိုကလေး၏ အသားအရည်များက ကျွန်မ၏စိတ်ကို ဖမ်းစားနိုင်သည်။ ကျွန်မထိုကလေးကို ဆေးရုံသွားသည့်အခါမျိုးတွင်တော့ ရံဖန်ရံခါတွေ့တတ်သည်။
ထိုသို့တွေ့မြင်မိတိုင်းလည်း ထိုကလေးသည် အိမ်ရှေ့၌ မိန်းကလေးများပီပီ ညနေခင်း၌ အိုးခွက်ပန်ကန်များဖြင့် ကစားနေတတ်သည်။ ထိုကလေး၏ အစ်ကိုဖြစ်ဟန်ရှိသော ကလေးကလည်း သူ့၏ညီမလေး ပျော်ရွှင်အောင် အဖော်ပြုပေးသည်။ ထိုကလေး၏ အစ်ကိုကိုတော့ ကျောင်းဝတ်စုံ ဖြူဖြူများဖြင့် ကျောင်းသွားတတ်သည်ကိုလည်း ကျွန်မ၏အခန်းထဲမှနေ၍ မြင်ရတတ်သည်။
ထိုကလေးသည် သူ၏ညီမကို အတော်လေးချစ်ရှာသည်။ မနေ့ကဆိုလျှင် သူ့၏ညီမလေးကို လူကြီးတစ်ဦးက အော်လိုက်သည်ထင်သည် ထိုကြောင့်ထိုလူကြီးကို ကျောက်ခဲနဲ့ပစ်ခဲ့သည်ဟု ထိုကလေးအမေ မြနှင်းစံက စကားဆိုသည်။ ထိုအခါ၌ ကျွန်မသည်ထိုကလေးငယ်ကို အပြစ်လည်းမမြင်၊ အပြစ်လည်းမဆိုမိပါ။ ထိုကဲ့သို့ လူကြီးကိုခဲနဲ့ထုသည့်သူကို ကျွန်မအားပေးနေခြင်းမဟုတ်ပါ။
ထိုကလေး၏ အဖေကတော့ လွန်ခဲ့တဲ့ ၃လလောက်ကမှ ကင်ဆာရောဂါနဲ့ဆုံးသွားချေပြီ။ ထိုအချိန်က ချယ်ရီစံသည်၇ လသာရှိအုံးမည်။ ချယ်ရီစံ၏အစ်ကိုကတော့ ၃ နှစ်ပေါ့။ ထိုကြောင့် ကျွန်မသည် မြနှင်းစံကို ကျွန်မ၏ အိမ်မှုကိစ္စများကို လုပ်ခိုင်းသော အိမ်အကူအဖြစ် တောင်းတောင်းပန်ပန် အလုပ်လျှောက်ခဲ့ဖူးသည်။ အပြင်က အဝတ်လျှော်သမားများထက် မြနှင်းစံက ပို၍ယုံကြည်ရသည်ဟုလည်းထင်သည်။
VOUS LISEZ
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Roman d'amourအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ