အပိုင်း၁၇

28 4 0
                                    

မကြာခင်မှာ ကျောင်းများတောင် ပြန်ဖွင့်တော့မည်။ ယခုချိန်ထိ အမှတ်စာရင်းမသိရသေးပါပေ။ ချာတိတ်ကတော့ ကိုယ့်ကိုကိုယ် ဂုဏ်ထူးပါမည်ဟု ခန့်မှန်းထားသည်။ အနည်းဆုံး ဂုဏ်ထူး ၃ဘာသာပါရပါမည်။

ချာတိတ်မှာ အသက်အရွယ်လည်း ရလာပြီ။ အပျိုဖော်လည်းဝင်နေပြီ။ ထိုကြောင့် အချစ်ကို ယုံကြည်မိသည်မှာ အထူးအဆန်းမဟုတ်။ လူသားတိုင်းသည် အချစ်နှင့်တွေ့လျှင် ပျော့ခွေသွားတတ်ကြ၏။

ကမ္ဘာဦးအစက အာဒံတောင်မှ ဧဝ ၏စကားကြောင့် မစားသင့်သော အသီးကိုစားမိခဲ့သေး၏။ အာဒံလိုလူအဖို့တောင် ဘုရားသခင်၏ စကားကိုလွန်ဆန်ခဲ့ဖူးသည်။ဤသည်မှာ စာတန်မာနတ်ကြောင့်နှင့် အချစ်ကြောင့်။

ချာတိတ်မှာ လွန်ခဲ့တဲ့ ၃ပတ်လောက်ကစပြီး ဘုရားကျောင်းမသွားဖြစ်တော့ပါပေ။ ဤအတွက်လည်း နောင်တရမိ၏။ ယခုနေ့တွင် ချာတိတ်စိတ်အရမ်းရှုတ်နေသည်။ အိုထွက်ပြေးချင်သည်။ ထိုအခါတိုင်း သမ္မာကျမ်းစာထဲက စာပိုဒ်တစ်ပိုဒ်ကို အမှတ်ရမိပြန်၏။

ဤသည်မှာ-ရှင်မဿဲခရစ်ဝင်။  11:28
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။

ထိုစာပိုဒ်ကို အမှတ်ရမိတိုင်း ချာတိတ် ခွန်အားတွေတိုးလာသည်။ သခင်အပေါ်ကိုသာ အမှီပြုချင်သောသူဖြစ်ချင်မိပါသည်။ သို့သော် ဘုရားသခင်မကြိုက်မနှစ်သက်သော လိင်တူဆိုသည့် အမှုကို ချာတိတ် ကျူးလွန်နေမိပြန်သေး၏။

ကျမ်းစာတစ်ပိုဒ်၌လည်း ထိုသို့ပြောထားခြင်းရှိသေး၏။

ရှင်မဿဲခရစ်ဝင်။  24:37
လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။

ရှင်လုကာခရစ်ဝင်။  17:26
နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။

နောဧလက်ထပ်၌ ဖြစ်ခဲ့သောအမှုများကို ခရစ်ယာန်များသာ သိနိုင်သည်။

အင်းမဖြစ်တော့ ချာတိတ် ဝန်လေးနေသည်။ ဒီနေ့တော့ ဘုရားကျောင်းသွားဖြစ်အောင်သွားရပေလိမ့်အုံးမည်။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Where stories live. Discover now