Uni
အပိုင်း၂၄
*ခရစ်တော်၌ အိပ်ပျော်ခြင်း*
မချယ်ရီစံ အသက် ၁၉ နှစ်သေဆုံးနေသော ထိုကောင်မလေးမှာ အိပ်ပျော်နေသည့်အတိုင်းပင် အပြစ်ကင်းစင်နေသော ပုံနယ်။ သေဆုံးသွားသော ရုပ်ခန္ဓာကို ငေးမောကာ ကြည့်ရှုနေသော သူက အများအပြား ချာတိတ်သာ ရှိနေခဲ့ရင် ငါကိုဘာလို့လာကြည့်နေကြတာလဲ မေးကြမှာအမှန်။
ရွှေမင်းဝံ၅လမ်းတွင် သေဆုံးသော သူမှာ ၂ယောက်တောင်မှ ရှိနေသည်။ အရေးပေါ်ခွဲခန်း၌ အန်တီမကြီး ခွဲစိတ်ပေးသောအဘွားဟာလည်း အသက်မရှင်ခဲ့ပါ။ အခုချိန်မှာ စိတ်ဒဏ်ယာ အရဆုံးသူက အန်တီမကြီးပါပင်။
"သူက အောင်စာရင်းတောင် မကြည့်သွားဘူး"
ထိုစကားအား ပြောလိုက်သောသူက ဆုခန့်ရာဇာပင်။ အန်တီမကြီး သေဆုံးနေသော သူဆီမှ အကြည့်လွဲလိုက်ကာ သားဖြစ်လာမည့်သူ ဆုခန့်ရာဇာကိုသာ ကြည့်လိုက်မိသည်။
"ကျွန်တော် ပထမရရင် သူက ပထမဆုံး မျက်နှာပျက်နေကျ..၊ အခုတော့ အဲလိုလူမရှိတော့ဘူးထင်ပါတယ် ၊ သူ သားထက်အမှတ်များရင် သူက ပျော်နေကျ ၊ သူသားထက်အမှတ်များမယ်လို့ အန်တီကျော့ကေခိုင်ထင်လား?"
"ထင်တယ် သူက အတော်ဆုံးပဲလေ၊ သူက အကုန်လုံးတော်တယ်"
"သားဒီနောက်ဆုံးစာမေးပွဲမှာ သူ့ထက်အမှတ်မများချင်တော့ဘူး၊ ပြီးတော့ သား သူဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်အောင်လုပ်မယ်"
"ဒါနဲ့ အောင်စာရင်းက ဘယ်နေလဲသား!"
"နောက်အပတ်!"
ဆုခန့်ရာဇာဆီမှ မျက်ရည်များကျလာသည်။ ထိုခံစားချက်မျိုးကို အရင်က တစ်ခါပဲ ဖြစ်ခဲ့ဖူးသည်။ ဤသည်က ဆုခန့်ရာဇာ၏ မိခင်ကြောင့်။
"အမေဆုံးတုန်းက တစ်ခါပဲ သားငိုဖူးတယ်၊ အခုတော့ ငိုဖြစ်တော့မယ် မထင်ဘူး အင်း မျက်ရည်ကတော့ ကျမှာ သေချာတယ်"
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ