အပိုင်း၄

76 9 1
                                    

.ညည့်ဦးပိုင်းဖြစ်သည်မို့ အချိန်မှာ ၆နာရီလောက်တော့ရှိ၏။ ညဖက်၌ ဆေးရုံသွားတတ်သော ကျွန်မအဖို့ ယခုမှစ၍ နေ့ဖက်သွားရမည်ဆိုတော့ ကျွန်မအနည်းငယ်တော့ စိမ်းသက်သက်ဖြစ်နေ၏။ သို့သော်လည်း ချာတိတ်ခေါ် ချယ်ရီစံအား စာသင်ပေးရမည်မို့ နေသားကျအောင်တော့နေပေးရအုံးမည်။ ဆရာဝန် သက်တမ်း နှစ်၂၀ရှိပြီ ဆေးရုံတစ်ခုထဲမှာပဲအလုပ်လုပ်‌တော့လုပ်သက်ကနှစ်၂၀ ရှိသောသူမို့ ဆေးရုံအုပ်ကြီးဆီက မျက်နှာသာရထားသလို။

ကျွန်မ ချယ်ရီစံအား စောင့်နေရင်း၊ ဝရံတာ မှာ ဖုန်းပွတ်ရင်း ထိုင်စောင့်နေမိသည်။ ဝရံတာ မှ မြင်ကွင်းသည် လှပပါပေသည်။ ညည့်ဦးပိုင်းဖြစ်သည်မို့ မီးများက ထိန်ထိန်လင်းနေပါ၏။ ဖုန်းထဲ၌ ရှိသော Facebookထဲသို့ ဝင်လိုက်ချိန်တွင် ဆေးဖက်ဆိုင်ရာ များနှင့်ပတ်သက်ပြီးများစွာတက်လာသည်။ ကျွန်မသာ ဆရာဝန်တစ်ယောက်မို့ ဆေးဖက်များကို လေ့လာစရာမလို၊ သို့သော်လည်း ကျွန်မ ၁၀တန်း စာမျိုးကို လေ့လာဖြစ်မိသည်။ ထိုစဥ် တံခါးပေါက်မှနေ၍ တံခါးခေါက်သံကြားရ၏။

"ဒေါက် ဒေါက်!!"

အင်း ချာတိတ်လာပြီထင်သည်။ ကျွန်မ ဖုန်းကို ဖုန်းအားသွင်းလိုက်ပြီး တံခါးနားသို့သွားကာ တံခါးကို ဆွဲဖွင့်လိုက်ပါသည်။  ဆွဲဖွင့်လိုက်သည်နှင့် ချာတိတ်ကို တွေ့ရသည်။ ချာတိတ်ကို ကျွန်မအသေအချာ စိုက်ကြည့်မိပါသည်။

ချာတိတ်သည် အမျိုးသမီး ဖြစ်သည်မို့ ဆံနွယ်ရှည်ရှည်များလည်းရှိသည်။ မျက်နှာပုံစံမှာ မူကား ချောပြီးချစ်စရာကောင်းသော အသွင်အပြင်ရှိသည်။ သို့သော် အရပ်ရှည်၏။ ကျွန်မထက် အနည်းငယ်ပဲ ရှည်ပါသည်။ မျက်ခုံးမှာမူကား မထူပါ၊ မပါးပါ။ ပါးတွင်တော့ မဲ့နှစ်လုံးရှိသည်။ ထူးခြားသည်က လည်ပင်းမှ ဆွဲထားသည် လက်ဖဝါးကပ်တိုင် ဆွဲကြိုး။

အင်္ကျီအပြင်ကို ထုတ်ဝတ်ထားသည်မို့ အသေအချာကို ကျွန်မမြင်ပါသည်။ လက်ဖဝါးကပ်တိုင်အမျိုးအစားမှာ သစ်သားဖြင့်ပြုလုပ်ထားသော လက်ဖဝါးကပ်တိုင်မျိုး။ ကျွန်မ အသေအချာကို ကြည့်နေမိပါသည်။ ကျွန်မ သူ့၏ မျက်စိကို ကြည့်ခိုက် ကျွန်မအား ကြောက်နေဟန်ရှိ၏။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Where stories live. Discover now