ဆုခန့်မင်းမော် Tvနှင့် အောက်စက် ချိတ်ပြီးသွားတော့ ကျွန်မကို နှုတ်မဆက်ပါဘဲနှင့် ထွက်သွားခဲ့ပါတော့သည်။ ကျွန်မမှာ အိပ်ခန်းထဲ၌ အိပ်မပျော်ခဲ့ပါ။ အချိန်မှာ ၅နာရီလောက်တော့ရှိပါပြီ။ ထိုအချိန်သည် ချာတိတ်ဘုရားကျောင်းမှ ပြန်လာတတ်သော အချိန်ဖြစ်သည်။
နေဝင်ချိန်မှပြန်လာတတ်သော အချိန်ဖြစ်သည်။ ထိုကလေးဟာ အခုသင်္ကြန်ဆိုလျှင် အသက်၁၉နှစ်ပြည့်ပြီ ဖြစ်သည်။ ထိုကလေးကို သင်္ကြန်အကြိုနေ့တွင်မွေးခြင်းကို မှတ်မိနေပါသေးသည်။ ထိုနေ့က ပိတောက်ပန်းတွေလည်း လှိုင်လှိုင်ပွင့်နေသည်။ ကော့သောင်းတစ်မြို့လုံးနီးပါး ဝင်းဝါနေပါသည်။
ထိုနေ့က ချာတိတ်ကိုအမည် ပေးခဲ့သော သူ့၏ဖခင်ကို လေးစားနှစ်သက်မိပါသည်။ ပိတောက်ပန်းကို အမှီပြု၍ ချယ်ရီဟုပေးခဲ့သည်ကိုလည်း လေးစားခဲ့သည်။ သိပ်ကိုလှတဲ့ နာမည်လေးပေါ့။
ထိုချာတိတ်၊ ချာတိတ်ဟာ ကျွန်မကို မေတ္တာသက်ဝင်နေပါသည်တဲ့လား? ကျွန်မ မစဥ်းစားတတ်တော့ပါ။ ထိုကလေးမူကား အသက်အရွယ်ရလာလို့ စိတ်ကစားနေခြင်းလား သေချာပင်မသိတော့။ ကျွန်မ ချာတိတ်ကိုလည်းနားမလည်မိပါ။
နားလည်အောင်ရော ကြိုးစားခဲ့သလားဟု ကျွန်မ တွေးနေမိတော့သည်။ ထိုကလေး ကျွန်မကို မချစ်တော့ဖို့ပြုလုပ်လိုက်ချင်သည်။ ထိုစဥ် ခေါင်းထဲအတွေးများက ခြောက်ခြားစွာ။
ထိုစဥ်အခန်းရှေ့မှနေ၍ တံခါးခေါက်သံကိုကြားရသည်။ ထိုအချိန် ဘယ်သူများဖြစ်မည်နည်း။ ချာတိတ်လည်းမဖြစ်နိုင်ပါ။ ချာတိတ်မှာ ဘုရားကျောင်းက အခုမှ ပြန်လာမည်ဖြစ်လောက်သည်။ ကျွန်မ ကုတင်ပေါ်မှထကာ အိမ်ခန်းဝနားသို့သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။
ထိုစဥ် ကျွန်မမြင်လိုက်ရသော သူမှာက တစ်ယောက်တည်းပါ ထိုသူမှာ တစ်ခြားသူမဟုတ် ချာတိတ်ပင်ဖြစ်ချေ၏။ ချာတိတ်မှာမူ ဆံပင်ကို တစ်စုတည်းစည်းထားကာ လက်ထဲတွင်လည်း ခရမ်းရောင် အူကလီလီလေးကို ကိုင်ထားသည်။
"ခွင့်ပြုချက်မရဘဲ ဝင်လာပြန်ပြီ"
"ဟင်! အန်တီမကြီးမှ အိမ်ဝတံခါးကို လော့မချထားတာ၊ ချာတိတ်အပြစ်လိုလာမလုပ်နဲ့လေ"
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ