ကော့သောင်းမြို့၏ နေဝင်ချိန်သည် ကျန်သော အခြားမြို့များနှင့်မတူ ဆူညံစွာဖြင့်ပင်နေဝင်တတ်သည်။
ချာတိတ်တို့နေသော ပိတောက်ရွှေဝါ ရပ်ကွက်သည် အခြားရပ်ကွက်များထက် ဆူညံတတ်သည်မို့ နေဝင်ချိန်များတွင် ပို၍တောင်ဆူညံတတ်သည်။
ပိတောက်ရွှေဝါ ရပ်ကွက်၌ ရေချိုးချိန်ကို အချက်ပေးသော အချိန်တစ်ခုရှိ၏။ ဤသည်ကို ချာတိတ်သည် အလွယ်မှတ်ထားသည်။ "မွန်"ကျောင်း မှနေ၍ တစ်ရပ်ကွက်လုံးကြားအောင် စမ်းဗောက်နဲ့ဖွင့်ပြီဆိုလျှင် ရေချိုးချိန်ရောက်ပြီဟု အလွယ်မှတ်ယူထားသည်။
ချာတိတ်မှာမူ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ ၆ လမ်းက ကလေးများနှင့် ဂေါ်လီရိုက်ပြီးသော အခါတွင် ဂေါ်လီအိတ်ကြီးကို မနိုင်မနင်းလာရတတ်သည်။ ဂေါ်လီကို အိတ်လိုက်နိုင်လာရခြင်းအကြောင်းကလည်း လိမ်စားလို့မဟုတ် သာမန်ကစားပြီး ပြန်လာ၍ ကြောင့်သာ။
ယခုနေ့သည် အရင်နေ့များထက် ဂေါ်လီပို၍ နိုင်ရလာသည်မို့ ထူးဆန်းနေသည်။ သာမန်နေများဆိုလျှင် ဂေါ်လီ အလုံး ၂၀ ၃၀ ဝန်းကျင်ကိုသာ နိုင်ပြီး ယနေ့ကျ ဂေါ်လီ အိတ်လိုက် နိုင်လာသည်မို့ ထူးဆန်းနေသည် မဟုတ်ပေရောလား?
ကလေးများတစ်သိုက် ရေချိူးဖို့ အိမ်ပြန်ကြကုန်တော့ ချာတိတ်လည်း ရေချိုးဖို့ကိုသာ တန်း၍ ပြန်လာလိုက်တော့သည်။ ရွှေမင်းဝံ ၆လမ်းမှ ၅ လမ်းသို့ ပြန်လာချိန်တွင် စိတ်တို့က လုံးဝကို ပျော်ရွှင်နေလေသည်။
ဂေါ်လီအိတ်ကို မနိုင်မနင်း သယ်လာရသောကြောင့် လမ်းကို ဖြေးဖြေးချင်းသာ လျှောက်၍လာရလေသည်။ ။
ရွှေမင်းဝံ ၅ လမ်းကို ရောက်တော့ အထဲအနည်းငယ်ဝင်ပြီး အိမ်ပေါက်ဝမှာရပ်ကာ ဂေါ်လီများကို သဲပုံပေါ်သို့ အကုန်လုံး ပစ်ထည့်လိုက်ကာ ခြေလက်ဆေးပြီး အိမ်ထဲသို့ ဝင်လာလေတော့၏။
အိမ်ထဲသို့ ရောက်သည်နှင့် အိမ်ထဲမှာ အမိုးတစ်ယောက်သာ ရှိပြီး၊ အစ်ကို့ကို မတွေ့။ ချာတိတ်ကတော့ အစ်ကို ပြန်မရောက်သေးပါဘူးဟုသာ တွေးမှတ်ရင်း အမိုးကို ပြုံးပြကာ အိမ်ထဲသို့ဝင်လာလေတော့၏။
YOU ARE READING
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ