အပိုင်း၂၀

27 5 0
                                    

မန်းတောင်ရိပ်ခို

"(ချိုပြုံးရွှင်သော နှမပျိုငယ်...
တစ်ကိုယ်လုံးပင်ချော အလှပိုတယ်

မြို့မနဲ့ တမိတည်း ဖွားသလို ဆိုတော့မယ်ကွယ် ) ၂ခါဆို "

"အမောက်လေးတစ်သသနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်"(၂ခါဆို)

"ယဥ်စစနဲ့ မြင်လိုက်ရတယ် အဝတ်အစားမှာပင် အလွန်တင့်တယ်"(၂ခါဆို)

"ထွန်းသစ်စ လရောင်ခြယ်၊ ခိုင်ညာတစ်ပွင့်လန်း ပန်းဆိုနှယ့်"(၂ခါဆို)

ရိုးရိုးသားသားနဲ့ ကျုပ်တို့ရိုးမက ကျေနပ်တယ်

"မြနန္ဒာ ရေညိုညို ရေခပ်သန်းတယ့် ၊ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်" (၂ခါဆို)

...........

ယနေ့က သင်္ကြန်အကြိုနေ့ဖြစ်သည်။ တိတိ​ကျကျပြော​ရပါမည်ဆိုရင်တော့ ၂၀၁၉.၄လပိုင်း.၁၃ ရက်နေ့ဖြစ်သည်။ အန်တီမကြီးသည် သိပ်ချစ်ဖို့ကောင်းရှာ၏။ အန်တီမကြီးသည် နေ့ဆိုင်းနှင့်ညဆိုင်း နှစ်ခုလုံး ခွဲလုပ်သော်လည်း ယခုအခါတွင်တော့ နေ့တိုင်းလိုလိုကြီးကို နေ့ဆိုင်းရော ညဆိုင်းရော လုပ်နေသည်။

အန်တီမကြီးသည် ယခုနှစ်မှမဟုတ် အရင်နှစ်တွေ့တုန်းကဆိုလည်း သင်္ကြန်ရက်တွေအားတတ်သော သူတစ်ယောက်မဟုတ်ပါပေ။ အကြောင်းမှာ သင်္ကြန်နေ့ဆိုလျှင် လူနာများစွာ လာတတ်သောကြောင့်ဖြစ်သည်။ ထိုကြောင့် အန်တီမကြီးသည် သင်္ကြန်၏ အနှစ်အရသာကို သေချာခံစားဖူးလိမ့်မည် မဟုတ်လို့ ချာတိတ်မှတ်ယူလိုက်လေတော့၏။

မဖြစ်သေး ယနေ့တော့ အန်တီမကြီးကို မရရအောင် အလည်ထွက်ဖို့ခေါ်ဆိုရပေလိမ့်မည်။ မှတ်မှတ်ရရ ဒီနေ့ဟာ ချာတိတ်ရဲ့ ၁၉နှစ်ပြည့်မွေးနေ့။ အန်တီမကြီးက ချာတိတ်ကို သေချာစွာ မွေးဖွားပေးခဲ့သည့် နေ့ပါပင်။

ချာတိတ်အခန်းထဲက ကုတင်ပေါ်တွင် ထိုင်နေစဥ် အူကလီကို မေးထောက်ထားပါသည်။ တစ်ခုခုကို စဥ်းစားနေဟန်လည်း ပေါ်ပေလိမ့်အုံးမည်။ လွန်ခဲ့တဲ့ ၁၉နှစ်ခန့်က အန်တီမကြီးတစ်ယောက် လှပနုနယ်စွာတည်ရှိနေလိမ့်မည်။ နဘေးအိမ်က အပါးက အန်တီမကြီးကို လာခေါ်မည့် အပြုအမူမျိုးကို စဥ်းစားနေတော့သည်။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Donde viven las historias. Descúbrelo ahora