.ချာတိတ်တို့စာမေးပွဲဖြေရန် ၁ပတ်လောက်သာ လိုပါတော့သည်။ ယနေ့ဟာလည်း တနင်္ဂနွေနေ့ဖြစ်ပါသည်။ ယနေ့တွင် အန်တီမကြီးနှင့် ဆုခန့်မင်းမော်တို့ ၅၅၅တောင်က မင်္ဂလာပါဆိုင်မှာ ချိန်းထားကြသည်။ ကိုယ့်အတွေးနှင့်ကိုယ် ပျော်နေသော်လည်း အောက်ထပ်မှ လူတစ်ယောက် တက်လာနေသည့်ခြေသံကိုကြားနေရသည်။
ကျွန်မထိုခြေသံကို မှတ်မိပါသည်။ ထိုခြေသံမှာ ချာတိတ်၏ ခြေသံဖြစ်မှန်း ကျွန်မရိပ်မိခဲ့သည်။
"အန်တီမကြီး!!"
လူပင်မမြင်ရသေး အသံအရင်ကြားရသောကြောင့် အန်တီမကြီးမှာ မျက်နှာအနည်းငယ်တော့ ပျက်သွား၏။ အန်တီမကြီး ၏ အိမ်တံခါးအားဖွင့်ကာ ဝင်လာခဲ့သောသူကို အန်တီမကြီး မျက်တောင်မခပ်ပဲ သေချာကြည့်နေသည်။
"ချာတိတ်! မင်းတံခါးလေးတော့ ခေါက်သင့်တယ်ကွာ"
ချာတိတ်မှာ မျက်နှာကြီးဆူပုတ်စွာဖြင့်
"အန်တီမကြီးကျ အထဲက ဂျလက်မချထားပဲနဲ့၊ ချာတိတ်က ဝင်လာမိတာပေါ့လို့"
ချာတိတ်မှာ ဂျလက်မချထားသော တံခါးကိုသာဝင်ခဲ့သည်မဟုတ်။ အန်တီမကြီး မဖွင့်ပေးနိုင်သော အချစ်တံခါးကိုလည်း ချာတိတ်ခေါက်နေမိသည်။ အန်တီမကြီးသာ အချစ်တံခါးကို ဖွင့်ပေးနိုင်မှာပါ။
"ကဲပြော ဘာကိစ္စ"
"အန်တီမကြီး ဒီညအားလားဟင်!"
အန်တီမကြီးမှာ ရဲ့ရဲ့ကလေး တွေးဟန်ပြပြီး ခေါင်းခါသည်။ အန်တီမကြီးသည် ဆုခန့်မင်းမော်နှင့် တွေ့ရမည်ဟု ချိန်းဆိုထားတာရှိခဲ့ပါသည်။
ချာတိတ်ထက် ဆုခန့်မင်းမော်သည် ပို၍ အရေးကြီးသည်။
"မအားဘူး ချာတိတ်ရဲ့၊ ချိန်းထားတာရှိတယ်၊ ချာတိတ်က ဘာလုပ်မလို့"
"အစ်ကိုပေါ့ အလုပ်မှာ ရာထူးတိုးလို့ မုန့်လိုက်ဝယ်ကျွေးမှာတဲ့၊ အန်တီမကြီးကိုလည်း ချာတိတ်က ခေါ်ချင်လို့"
ESTÁS LEYENDO
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Romanceအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ