ဆောင်းရာသီဖြစ်သည်မို့ဆောင်းရာသီဖြစ်သည်မို့ အန်တီမကြီး ချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ တနင်္ဂနွေည၏ ဆောင်းတွင်းဖြစ်သည်မို့ ချမ်းစိမ့်စိမ့်ဖြစ်သွားသော ခန္ဓာကိုယ်ကို နွေးထွေးစေရန် အဝတ်ဗီရိုထဲမှ သိုးမွေးအင်္ကျီတစ်ထည်ကို ကောက်ယူ၍ ထုတ်လိုက်သည်။ ထိုသိုးမွေး အင်္ကျီအား ကျွန်မဝတ်ဆင်ပြီး နာရီအားကြည့်လိုက်မိတော့ ည ၈နာရီ။
ကျွန်မ ဖုန်းကိုလှမ်းယူ၍ Facebookထဲသို့ဝင်လိုက်မိသည်။ Facebook ၏ စာမျက်နှာ New feedများမှာ ဆေးဖက်ဆိုင်ရာများ၊ ဆယ်တန်းနှင့် ပတ်သက်သော စာများ များစွာတွေ့ရပါသည်။ New Feedများမှာ တစ်ခုဆွဲတင်လည်းဒီဟာ နောက်တစ်ခုဆွဲတင်လည်းဒီဟာ ဒီဟာဒီဟာကြီးသာထပ်နေသည်။ Facebook ထဲမှ Messager ထဲသို့လှမ်း၍ ဝင်လိုက်သည်။ ထိုအခါ၌ ဆုခန့်မင်းမော် စာပို့ထားသည်များကိုတွေ့သည်။
*ငါတို့ ဒီအပတ် တနင်္ဂနွေ တွေ့ကြရအောင်*
*အင်း ၅၅၅တောင်က မင်္ဂလာပါ ဆိုင်မှာတွေ့ရအောင်*
ထိုစဥ်မကြာပါ စာတစ်စောင်ထပ်ဝင်လာသည်။
*ညဖက်တွေ့ရအောင်*
*အင်း*
*
ဒီနေရာက ဘာနေရာလဲ၊ အရာအားလုံး ထူးဆန်းနေတယ်။ မဲမဲပြာပြာ အရောင်နဲ့ ရှုခင်းတွေက ဘာတွေလဲ။ အိမ်မက်လား? နေကြာပန်းခင်းကြီး၊ စက္ကူပန်းတွေအရောင်စုံ အများကြီး ဒီနေ့ရာက ဘယ်လိုနေရာလဲ မမြင်ဖူးပါဘူး။
ချာတိတ်တစ်ယောက် တစ်ခုခုကို တွေးနေပုံပေါ်သည်။ ထိုစဥ် နေကြာပန်းခင်းထဲမှနေ၍ လူတစ်ယောက်ဖြတ်သွား၏။ သေချာကြည့်မှ ထိုသူမှာ အပါးဖြစ်သည်။
"အပါး၊ အပါးလား"
ချာတိတ်နေကြာပန်းခင်းကြီးထဲသို့ဝင်ကာ လိုက်လံရှာဖွေမိသည်။ သို့သော်မတွေ့ပါပေ။ မကြာပါ နေကြာပန်းခြံအောက်မှအမျိုး သမီးတစ်ဦးထွက်လာသည်။
"ဟိတ်၊ ချာတိတ်"
"ဟင်! အန်တီမကြီး"
အန်တီမကြီးမှာ အရင်ထက်နုပျိုနေသည်။ မြန်မာဆန်ဆန် အဝတ်အစားနှင့် ချိုမြလှသော အပြုံးများလည်းရှိသည်။ ခေါင်းထက်တွင်လည်း စိုင်းဆိုင်အေဖ လာလာပေးတတ်သော နှင်းဆီပွင့်အနီရောင် အကြီးကြီးတစ်ပွင့်လည်း ပန်ဆင်ထားသည်။
BẠN ĐANG ĐỌC
ပါချန်မြစ်မှ အချစ်သက်သေ ( Complete)
Lãng mạnအန်တီမကြီး/ ချာတိတ် ဒေါက်တာကျော့ကေခိုင်နှင့် မချယ်ရီစံ