အပိုင်း၁၂

26 3 0
                                    

.

ကျောင်းစာမေးပွဲပြီးတာ ယခုနှင့်ဆိုလျှင် ၁လပင်ပြည့်လောက်တော့မည်။ နွေရာသီဖြစ်သည်မို့ သစ်ရွက်များကကြွေ အလွန်အလွန်ကိုပူလောင်လွမ်းလှသည်။ အင်း မကြာခင်မှာ သင်္ကြန်တောင် ရောက်တော့မှာပဲဟု အန်တီမကြီး အိမ်ပေါ်ထပ်မှနေ၍ ရပ်ကွက်အချေအနေကိုကြည့်လိုက်မိသည်။

ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်သည်။ တနင်္ဂနွေဖြစ်သည်မို့ ရုံးပိတ်ရက်လည်းဖြစ်သည်။ ခွဲစိတ်ရောဝန်ကလည်း ကော့သောင်းပြည်သူဆေးရုံတွင် ၃ယောက်တောင်ရှိသည်မို့ ဒီနေ့တော့ အိမ်မှာကောင်းကောင်းနားနေရပါပြီ။ အသက်လည်းကြီးနေပြီမို့ ဂျူနီယာလေးများက အပင်ပန်းမခံဖို့ပြောသဖြင့် တော်တော်လေးတော့ နားချိန်ရှိနေပြီ။

အချိန်မှာနေ့လည်မို့ ရပ်ကွက်ထဲ၌ ဆော့နေသော ကလေးတစ်သိုက်မရှိပါ။ ထမင်းစားကြနေမည်ဟုထင်သည်။ ကလေးတစ်သိုက်ဆိုမှ အမှတ်ရမိသွားသည်က ချာတိတ်။ ဟုတ်ပါသည် ချာတိတ်ကိုပါ။

အန်တီမကြီး အားသွင်းထားသော ဖုန်းကို တစ်ချက်မျှကောက်ယူကာ လွန်ခဲ့သော တစ်ပတ်လောက်က ရိုက်ထားသည့် ချာတိတ်ပုံများကို Fb ပေါ်တွင် တင်ရင်ကောင်းမလားဟုတွေးနေမိသည်။

ထိုနေ့ ညဖက်က အိမ်ကို ချာတိတ်နှင့် ကျွန်မ လမ်းတူတူလျောက်ကာ ပြန်ခဲ့ကြပါသည်။ ဘုရင့်နောင်ကုန်းမှာ ဘိန်းမုန့်ဝယ်စားပြီး ကလေးများ ကစားဖို့ပြုလုပ်ပေးထားသည့် ပခက်ပေါ်တွင် နှစ်ယောက်သားထိုင်၍ ဘိန်းမုန့်စားခဲ့ကြပါသည်။ ပြီးနောက် ဘုရင့်နောင် မီးပွိင့် လမ်းဖြတ်ကူးချိန်မှာ ကျွန်မ၏ လက်မောင်းကို တင်းကြပ်နေအောင်ဖက်ထားသောသူမှာ ချာတိတ်ပါပင်။

ယခုလောက်ဆိုလျှင် ချာတိတ် သူ့၏ အိမ်၌ရှိမည်မဟုတ် ဗိုလ်ချုပ်မြင်းရုပ်နားက၊ ပြည်တော်အေးဘုရားနားက ခရစ်ယာန်ကျောင်းမှာ ဖြစ်ပါလိမ့်မည်။ ချာတိတ်သည် ဘာသာတရားတော့ ကိုင်းရှိုင်းရှာပါသည်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်သည်။ တစ်ခါတစ်ရံ နေ့တိုင်းလိုလို တက်ဖြစ်သည်။

ကျွန်မဖုန်းထဲက ချာတိတ်ပုံသုံးပုံကို Fb တွင် Postတင်ဖို့ ကြည့်လိုက်မိသည်။ Captionကို ဘာရေးရမလဲဟု တွေတွေဝေဝေ မစဥ်းစားနေတော့ပါ။ ကျွန်မ လျှင်မြန်စွာပင် တစ်ခုခုရေးလိုက်ပါသည် ထိုသည်က။

ပါချန်မြစ်မှ အချစ်သက်သေ ( Complete) Where stories live. Discover now