Chapter 2

2.6K 387 11
                                    

ရသစုံရှိုးရဲ့ဧည့်သည်

(Unicode)

"အာ...နေရာမမှားဘူးဘဲ"

လုဝမ်ရှင်းခြေထောက်တွေတုန်နေပေမယ့် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ သန့်စင်ခန်းထဲကိုအေး‌အေးဆေးဆေး‌လျှောက်သွားလိုက်တယ်။

ကုယန့်ရှန်း တစ်ရှူးနှစ်ရွက်ကို အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး လုဝမ်ရှင်းအနားကနေဖြတ်လျှောက်သွားတဲ့အခါ သူ့(ကုယန့်ရှန်း) အကြည့်တွေက သူ့(လုဝမ်ရှင်း)ရဲ့ ဘယ်ဘက်‌နားရွက်ပေါ်ကိုရောက်လာသည်။

ငွေရောင်ကြယ်ပွင့် နားကပ်လေး

လုဝမ်ရှင်း လှည့်ကြည့်လိုက်တော့ ကုယန့်ရှန်းက အကြည့်လွှဲကာ သန့်စင်ခန်းထဲကထွက်သွားသည်။

Buzz..

လုဝမ်ရှင်း သူ့အ‌ခန်းဖော်ရဲ့ we chat ကဖုန်းကောကြောင့် သန့်စင်ခန်းထဲကထွက်လာလိုက်သည်။

"ဝမ်ရှင်း မင်းဘာဖြစ်သွားတာလဲ စကားပြောနေရင်းတန်းလန်းကြီးကနေ ပျောက်သွားလို့လေ"

လုဝမ်ရှင်းက သူ့ကိုဟာသလုပ်ပြီးတာနဲ့ပျောက်သွားခဲ့သည်။ သူ message တွေအဆက်မပြတ်ပို့ပေမယ့် စာမပြန်တာကြောင့် ဖုန်းဆက်လိုက်ခြင်းပင်။

"မင်းရဲ့ကောင်းချီးတွေငါ့ဆီရောက်လာလို့ဖြစ်မယ် ငါ ရုပ်ရှင်ဧက္ကရာဇ်ကု နဲ့‌ မျက်နှာချင်းဆိုင်တွေ့ခဲ့တယ်"

လုဝမ်ရှင်း ဖုန်းကိုပုခုံးပေါ်တင်ကာ ခေါင်းကိုစောင်းပြီး ဖိထားလိုက်တယ်။ သူ့ရဲ့သွယ်လျလှပတဲ့ လက်ချောင်းလေးတွေက လက်ဆေးဖို့ရာ ရေပိုက်ခေါင်းအောက်ကိုရောက်ရှိသွားပေမယ့် အေးစက်လွန်းတဲ့ရေကြောင့် သူ့လက်ကိုတောင် နောက်ပြန်ဆုတ်မိမတတ်ဖြစ်သွားသည်။

သူ့အခန်းဖော်ရဲ့လေသံကတော့ ဖုံးကွယ်မထားနိုင်တဲ့ အံ့ဩမှုတွေနဲ့ ပြည့်နှက်နေတော့သည်။

"မင်း ရုပ်ရှင်ဧက္ကရာဇ်ကု ဆီကိုပြေးသွားခဲ့တာလား? ဘယ်လိုလဲ အပြင်ကလူက TV ထဲကထပ် ပိုချောလား?"

"အင်း သူကချောတယ်"  လုဝမ်ရှင်း ဝတ်ကျေတန်းကျေပဲ ပြန်တုံ့ပြန်လိုက်ပြီးတော့ တစ်ရှူးနှစ်ရွက်ဆွဲထုတ်ကာ သူ့လက်ကို ခြောက်သွားအောင်သုတ်လိုက်သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now