(Unicode)
"ဒါဆို ဒီဇာတ်ရုပ်ကို တခြားတစ်ယောက်ယောက်က သရုပ်ဆောင်လိုက်ရင်လဲ မင်းက သူ့ရဲ့အမာခံဖန်ဖြစ်သွားမှာပဲလား" ကုယန့်ရှန်း ရုတ်တရက် အဓိပ္ပါယ်မရှိတဲ့မေးခွန်းတစ်ခုကို လေးလေးနက်နက် မေးလိုက်သည်။
လုဝမ်ရှင်း : "မဟုတ်ဘူး၊ အနာဂတ်မှာ ဘာဖြစ်မယ်မှန်းမသိတဲ့ အရာကို ကျွန်တော်မဖြေချင်ဘူး"
ကုယန့်ရှန်း: "....."
အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့သော်လည်း လုဝမ်ရှင်းသည် နောက်ဆုံးတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခဲ့ပြီး ၎င်းတို့၏ဆက်ဆံရေးမှာ အောင်မြင်မှုများရရှိနေဆဲဖြစ်သည်။
"မင်း မော့ရွှီ ကို ပိုကြိုက်တယ် လို့ ပြောတယ် မဟုတ်လား"
" ကျွန်တော် ရွယ်နင်နင်ကို ပိုကြိုက်တယ်၊ မော့ရွှီက ဒုတိယပါ။" လုဝမ်ရှင်း သူ့ကို လေးလေးနက်နက် ပြင်ပေးလိုက်သည်။
ကုယန့်ရှန်း : "....."
ဒီလောက်ထိလေးနက်ဖို့ လိုအပ်လို့လား ?
ရသစုံရှိုး ရိုက်ကူးနေသည့့်ချိန်တွင် လုဝမ်ရှင်းသည် ကင်မရာတွင် ရိုက်ကွက်ရဖို့ရာအတွက် တိုက်ပွဲဝင်ရန် အစပြုမည်မဟုတ်ပေ သေချာတာကတော့ လုဝမ်ရှင်းသည် ထိုအရာကို လုံးဝစိတ်စားမှုမရှိခြင်းဖြစ်ကြောင်းကို ကုယန့်ရှန်း နောက်ဆုံးတွင်နားလည်သဘောပေါက်သွားတော့သည်။ လုဝမ်ရှင်း သည် သူတို့ပြောလေ့ရှိသည့် အကြောင်းအရာခေါင်းစဉ်များတွင် သူနှင့်အတူတူနီးပါးပင်။ အဖွဲ့လိုက်စကား ပြောမှုများနှင့် ဝေးဝေးနေသည်။
သူတစ်ယောက်တည်း ရှိနေသည့်အချိန်မှသာ ကင်မရာကိုကြည့်ပြီး လေးလေးနက်နက် ပြန်ပြောလိမ့်မယ်။
လုဝမ်ရှင်းသည် ထိုအကြောင်းအရာများကို စိတ်ဝင်စားမှုနည်းပါးသောကြောင့်ဖြစ်ပြီး၊ သူစိတ်ဝင်စားသည့်အကြောင်းအရာများနှင့်ပတ်သက်လာလျှင်တော့ ဤလူက သူတို့အား ရှင်းလင်းပြတ်သားစွာ ရှင်းပြလာလိမ့်မည်ဖြစ်သည်။
"အိုကေ၊ ဘာလိုပဲဖြစ်ဖြစ် မင်းရဲ့အကြိုက်တွေက ရွယ်နင် နဲ့ မော့ရွှီနော်" ကုယန့်ရှန်းက တစ်စက္ကန့်လောက် ခေတ္တရပ်လိုက်ပြီး "အဲ့တာဆိုရင် မင်းမှာ လူရွေးပွဲ ကို ငြင်းစရာအကြောင်းမရှိဘူးလို့ ကိုယ်ထင်တယ်။"
YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
RomanceEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...