(Unicode)
"ဟုတ်တယ်။" ချင်စီးယွီ ကပြောလိုက်သည်။ "နင့်ရဲ့ စိတ်ကို အနှောင့်အယှက် ဖြစ်စေမိမှာကို စိတ်ပူမိလို့ နင့်ကိုမပြောရဲခဲ့တာ"
"ဘာကိစ္စမလို့လဲ??"
"ရှင်းရှင်း၊ နင် ဝမ်ယွီနဲ့ ဆက်ဆံရေးကောင်းလား ? "ပိတ်ရက်အကန့်အသတ်မရှိ" ကို ငါကြည့်ပြီးပြီ နင်တို့နှစ်ယောက်က သူငယ်ချင်းတွေလို့ဝမ်ယွီကပြောလို့လေ"
လုဝမ်ရှင်းဟာ ဒီပြဿနာဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ခဏလောက် ဘာပြောရမှန်း မသိတာဖြစ်သွားတာတော့ အမှန်ပါပဲ၊ ဝမ်ယွီ နဲ့ သူ့ဆက်ဆံရေးက မကောင်းပါဘူး ။ဒါပေမယ့် ပြဿနာရှိနေတာက ဝမ်ယွီမဟုတ်ဘဲ လုဝမ်ရှင်းကိုယ်တိုင်ဖြစ်နေတာပါ။
ချင်စီးယွီက လုဝမ်ရှင်း အတွက် ဒီကိစ္စက ဖြေဖို့ရာရှက်စရာကောင်းနေတာဖြစ်မယ်လို့ တွေးလိုက်မိတာကြောင့်သူက ရှင်းပြလိုက်သည်။ "တောင်းပန်ပါတယ် ရှင်းရှင်း နင်ဖြေဖို့ အဆင်မပြေရင်လဲ ကိစ္စမရှိပါဘူး။ ငါက ဝမ်ယွီနဲ့ တွေ့ချင်ရုံပါ"
"မင်းက သူ့ရဲ့အမာခံဖန်တစ်ယောက်လား?"
"မဟုတ်ပါဘူး" ချင်စီးယွီကခေါင်းယမ်းလိုက်သည်။
"သူက ငယ်ငယ်က သိဖူးတဲ့ သူငယ်ချင်းနဲ့ တော်တော်တူတယ်လို့ ငါထင်လို့ ဒါပေမယ့် သေချာတော့ မသိပါဘူး။ ကိစ္စမရှိပါဘူး၊ ငါက ဒီအတိုင်းပေါ့ပေါ့ပါးပါးပဲ မေးလိုက်တာမို့လို့ စိတ်ထဲထားနေစရာ မလိုပါဘူး။"
လုဝမ်ရှင်း က နောက်ထပ်မေးခွန်းတွေမမေးတော့ဘဲ ပြန်တုံ့ပြန်လိုက်ပါသည်။ ချင်စီးယွီ က "နင်မှာ လုပ်စရာရှိတယ်ဆိုရင် အရင်ပြန်တော့လေ။ ငါကတော့ ရှန့်ချောင်းကို ဒီမှာစောင့်နေလိုက်အုံးမယ်"
"ကောင်းပြီလေ၊ နှုတ်ဆက်ပါတယ်"
…....
လုဝမ်ရှင်းသည် သူ၏ ခရီးဆောင်အိတ်ကို ယူရန် ကျောင်းသို့ ဦးစွာ ပြန်သွားပြီးနောက် ရှဲ့ချန်ဖေး၏ ကျောင်းသို့ မောင်းသွားခဲ့သည်။
လုဝမ်ရှင်း လွန်ခဲ့သည့်လအနည်းငယ်ကမှ ကားဝယ်ခဲ့တာဖြစ်သည်။ C မြို့မှာ ကားပါကင်ရှာရခက်သောကြောင့် ဒီကားကို မောင်းခဲပါသည်။ အခြေအနေ တော်တော်များများအတွက်က ကားပါကင်အတွက် စိတ်ပူစရာမလိုတဲ့ တက္ကစီစီးခြင်းက ပိုအဆင်ပြေပါသည်။

YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
Lãng mạnEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...