Chapter 16

1.7K 303 16
                                    

(Unicode)

ကျွန်တော် ကောရဲ့ဝမ်းဗိုက်ကြွက်သားတွေကိုထိကြည့်လို့ရမလား ?

စုန့်ကျားကျားနဲ့ လီရှင်းမင်တို့သည် ထိုစကားကြောင့်ထိတ်လန့်သွားကြသည်။ လုဝမ်ရှင်း သူဘာပြောလိုက်တာလဲဆိုတာကိုရော သိရဲ့လား ?

သူတို့နှစ်ယောက်သား စိတ်ရှုပ်နေကြပြီး မှော်ဆန်နေသလို ခံစားရနေရသည်။ သူတို့အသိစိတ် ပြန်ဝင်လာတဲ့အခါ ကုယန့်ရှန်းက မထူးခြားနားစွာပြောလိုက်တာကို ကြားလိုက်ရသည်။

"ရတယ်"

လူတိုင်း : ! ! ! ! !

လုဝမ်ရှင်း : ".....?"

လုဝမ်ရှင်းပြောတာကို ကြားလိုက်ရတုန်းက ကုယန့်ရှန်းလဲ အံ့အားသင့်သွားခဲ့ပါသည်။ လုဝမ်ရှင်းကြောင့်မဟုတ်ဘဲ ဒါရိုက်တာက ဒီလောက်တောင် လူသားမဆန်လိမ့်မယ်ဆိုတာ သူမျှော်လင့်မထားခဲ့တာကြောင့်ပါ။

လုဝမ်ရှင်း သူ့ကိုတကယ်ထိမှာကို သူမစိုးရိမ်မိပါချေ။ ပရိုဂရမ်ရိုက်ကူးခြင်းသည် လူထု၏အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ရာ တစ်ချို့ ရိုက်ချက်တွေလိုအပ်တယ်ဆိုပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ထိန်းချုပ်ထားဖို့ရာ လိုအပ်ပါသည်။

ဒါရိုက်တာက လုဝမ်ရှင်းကို သူ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေကို လူမြင်ကွင်းမှာ တကယ်ထိခိုင်းဖို့ရာ နည်းလမ်းမရှိတာသေချာပါသည်။

လျှို့ဝှက်မစ်ရှင်က ဘယ်လောက်အတိုင်းအတာအထိ သွားရမှာလဲဆိုတာ ကုယန့်ရှန်း မသိပါဘူး။ ဒါပေမယ့် လုဝမ်ရှင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာကတော့ ဘယ်လိုနည်းနဲ့မှ မှားယွင်းစရာအကြောင်းမရှိပါချေ။

လုဝမ်ရှင်း တုံ့ဆိုင်းနေတာကို တွေ့လိုက်ရတော့ အဲ့တာက လျှို့ဝှက်မစ်ရှင်တစ်ခုဖြစ်လိမ့်မယ်လို့ သူထင်လိုက်တာကြောင့် လုဝမ်ရှင်း ဆက်သွားလို့ရအောင် သူလမ်းဖွင့်ပေးလိုက်တာဖြစ်သည်။

အဲ့ဒီစာကြောင်းက ဒီလောက်အထိ ကိုးရိုးကားယားနိုင်လိမ့်မယ်လို့ သူထင်မထားခဲ့ပါချေ။ အဲ့တာက သူ့ကို သူတို့တွေမှာ ဘယ်လိုတောင်လက်တွေ့မကျတဲ့စိတ်ကူးတွေရှိနေရတာလဲ လို့တွေးမိစေသည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now