[ဝမ်ယုကို ဝမ်ယွီ ၊ Meng Cheng ကို Mang Cheng လို့ပြောင်းရေးထားပါတယ်ဗျ အရင်အပိုင်းတွေကို အားတဲ့အခါပြန်ပြင်ပေးပါ့မယ်ဗျ🥺]
ပန်းရောင်ရေချိုးတဘက်လေး
(Unicode)
လုဝမ်ရှင်းမျက်တောင်ခတ်လိုက်ပြီး စုန့်ကျားကျားကို အကူအညီမဲ့စွာကြည့်လိုက်သည်။
သူ Mang Cheng entertainment နဲ့ လက်မှတ်ထိုးပြီးသွားတဲ့ နောက်ပိုင်းမှာ ဝေ့ဇီနဲ့ပဲ လပေါင်းများစွာကြာအောင် အကလေ့ကျင့်ခဲ့တာပါ။ MK လောင်ရှီး ကတောင် သူရဲ့ အတုယူနိုင်စွမ်းနဲ့ လျင်မြန်စွာသင်ယူနိုင်စွမ်းတွေကို ချီးကျူးခဲ့ပါသေးသည်။
ဒါပေမယ့် သိပ်မကြာလိုက်ခင်မှာပဲ ဝမ်မန့်က သူ့ကို ကြော်ငြာရိုက်ဖို့ဆွဲခေါ်သွားခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူဘယ်တော့မှ အကသင်တန်းတွေကို ထပ်ပြီးမတက်နိုင်တော့ပါဘူး။
လုဝမ်ရှင်းတွေးမိတာကတော့ သူ့မှထက်မြက်တဲ့ မှတ်ဉာဏ်စွမ်းအားနဲ့ အခြေခံကျတဲ့ ကျွမ်းကျင်မှုအနည်းငယ်ပဲရှိတာပါ။ သူ ဝမ်မြောင်ကို အနိုင်ယူနိုင်ခဲ့တာ ကံကောင်းမှုတစ်ခုထဲကြောင့်ပါ။
ဝမ်မြောင်က ကကွက်တွေကိုမှတ်မိဖို့ ရုန်းကန်နေရတဲ့အချိန်မှာ လုဝမ်ရှင်းကတော့ ကကွက်တွေကို သူ့ရဲ့စိတ်ထဲမှာ အကြိမ်ကြိမ်ပြန်ပြီး လေ့ကျင့်နေပါပြီ။
စုန့်ကျားကျားက သူ့ရဲ့ရှင်းပြချက်ကိုနားမထောင်ဘဲ လက်နှစ်ဖက်ကိုပိုက်လိုက်ပြီး ဘေးမှာရပ်ကာ ညည်းတွားတော့သည်။
"လုဝမ်ရှင်း အမ မင်းကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"
"တစ်ခါတုန်းက ညံ့ဖျင်းတဲ့ကျောင်းသားတစ်ယောက်ရှိတယ်။ သူက ထိပ်တန်းကျောင်းသားကိုမေးလိုက်တယ် အလယ်တန်းစာမေးပွဲအခြေအနေဘယ်လိုလဲပေါ့ အဲ့ဒီမှာ ထိပ်တန်းကျောင်းသားက သာမာန်ပါပဲ လို့ပြန်ဖြေလိုက်တယ်။ ညံ့ဖျင်းတဲ့ကျောင်းသားက တိတ်တိတ်ကလေးပျော်သွားတာပေါ့ သူကစာမေးပွဲမှာကောင်းကောင်းလုပ်နိုင်ခဲ့တယ်လေ။ ညံ့ဖျင်းတဲ့ကျောင်းသားက သူ့ရဲ့ 95 မှတ်ရတဲ့ စာရွက်ကို ဝမ်းသာအားရနဲ့ ပြလိုက်တာပေါ့ အဲ့ဒီအချိန်မှာပဲ အရှေ့ဆုံးတန်းမှာရှိတဲ့ ထိပ်တန်းကျောင်းသားကလဲ စာရွက်ကိုပြန်ပြီးဖြန့်ပြလိုက်တယ်တဲ့ သူ့ရဲ့စာရွက်မှာရေးထားတာက 149မှတ်တဲ့"

YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
RomantizmEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...