Chapter 21.1

1.3K 213 23
                                    

အားးးး သေပါပြီရှင်တို့ရယ် အပိုင်းမှားတင်ထားတာကို အခုမှသိတယ် ကြိုဖတ်ထားတဲ့လူတွေကလဲ လာမပြောကြဘူး (⁠╥⁠﹏⁠╥⁠) တောင်းပန်ပါတယ်လို့ လူက စိတ်မမှန်နေလို့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီ(⁠っ⁠˘̩⁠╭⁠╮⁠˘̩⁠)⁠っ

(Unicode)

ရုံးတွင်

ဝမ်ကျန်းသည် လေးနက်သောအမူအရာဖြင့် ရုံးခန်းထိုင်ခုံပေါ် မှီ၍ ဘဏ္ဍာရေးဌာနမှပေးပို့လာသော နှစ်ကုန်အစီရင်ခံစာကို ငုံ့ကြည့်နေသည်။

နှစ်ကုန်ရင် လုပ်စရာတွေဟာ အမြဲရှိနေတတ်သည်။ ဝမ်ကျန်း ဟာ ​​လွန်ခဲ့တဲ့ နှစ်ပတ်လောက်က G မြို့ ကိုသွားခဲ့တာကြောင့် လက်ထဲမှာရှိတဲ့ လုပ်စရာတွေဟာ စုပုံလာပါတော့သည်။

— ဒေါက် ဒေါက်

မှန်တံခါးကို ခေါက်နေပေမယ့် ဝမ်ကျန်း က ခေါင်း‌ ထောင်ပြီး မကြည့်ခဲ့ပါချေ။

"ဝင်ခဲ့ပါ"

အတွင်းရေးမှူးသည် လက်ရာမြောက်လှသော မိတ်ကပ်၊ သင့်လျော်သော စီးပွားရေးဝတ်စုံ၊ ဒေါက်မြင့်ဖိနပ်များဖြင့် အထဲဝင်လာခဲ့သည်။

"မစ္စတာဝမ် မစ္စတာချန် ဒီမှာရောက်‌နေပါပြီ။ ဧည့်‌ တွေ့ခန်းမှာ‌ စောင့်နေဖို့ ကျွန်မပြောထားပါတယ်"

"အင်း ငါသွားလိုက်မယ်"

ဝမ်ကျန်းသည် ဖတ်ပြီးသော နေရာကို အမှတ်အသားပြုလုပ်လိုက်သည်။ ပြီးနောက်အစီရင်ခံစာကို ပိတ်ကာ ဧည့်‌တွေ့ခန်းဆီကို ထပြီး လျှောက်သွားလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဝမ်ကျန်း သည် သူ့သူငယ်ချင်းဖြစ်သူ ရွှီဝေးယောင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

"မင်းရဲ့ညီလေးနဲ့ ပတ်သတ်ပြီး ငါဘာမှရှာမတွေ့ခဲ့ဘူး ငါပြောနိုင်တာတစ်ခုကတော့ သူ့ရာထူးက အရမ်းမြင့်လွန်းတာ ဒါမှမဟုတ်ရင် ရှင်းရှင်းရဲ့ကိစ္စက သူနဲ့ ဘာမှမဆိုင်တာ ဖြစ်နိုင်တယ်"

ဝမ်ကျန်းက ဖုန်းကို သူ့လက်ချောင်းတွေနဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း "ငါအမြဲတမ်း ခံစားနေခဲ့ရတာက သူ..."

"သူ့မှာ မဖြူစင်တဲ့စိတ်ရှိနေတာ ?" ရွှီဝေးယောင် က ဝမ်ကျန်း ရဲ့စကားကို ပြီးအောင်ပြောလိုက်သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now