Chapter 5

2.3K 362 18
                                    

ဖရဲသီးရဲ့သွေးဆောင်ဖျားယောင်းမှု

(Unicode)

ဝေ့ဇီရဲ့စကားတွေ တကယ်ဖြစ်လာလိမ့်မယ်လို့ လုဝမ်ရှင်း ဘယ်တုန်းကမှထင်မထားခဲ့ပါ။

လုဝမ်ရှင်း စခရင်ကို Weibo ဆီ‌ပြောင်းလိုက်ပြီး Hot search ကိုနိုပ်ကာ အောက်ကိုဆွဲချလိုက်သည်။

#ရှောင်ကောကောရဲ့သေစေနိုင်လောက်တဲ့ဘေးတိုက်မျက်နှာ#

ပထမဆုံး Weibo post ကတော့

[အလုပ်အသင်အဖြစ်စတဲ့နေ့မှာ ငါ Big Beauty ရဲ့ အယ်ဒီတာချုပ်နဲ့ အပြင်လိုက်သွားခဲ့တယ်။ အဲ့ဒီမှာ ငါအရမ်းကိုအံ့ဩစရာကောင်းတာတွေ့ခဲ့တယ်။ (တံတွေးတွေသုတ်လိုက်)]

Post မှာ Video တစ်ပုဒ်ပါတွဲတင်ထားသည်။

အက Video တစ်ပုဒ်ဖြစ်ပြီး ကြာချိန်က စက္ကန့်သုံးဆယ်ထက်တောင်နည်းပါသည်။ ကကွက်အဆုံးမှာ ဝေ့ဇီက လုဝမ်ရှင်းကိုဖက်ဖို့လာတဲ့ မြင်ကွင်းကိုရိုက်ထားတာဖြစ်သည်။

[အားးးးးးးးးးးးးး ငါသေပြီ ငါသေပြီ]

[ဘေးတိုက်မျက်နှာက အရမ်းချောတာပဲ သူ့ရဲ့မျက်နှာအရှေ့ဘက် video ကိုပြဖို့ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်]

[ပိုစ့်တင်တဲ့သူရေ ငါ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်...]

[အရမ်း အရမ်းမိုက်တယ်!!! ငါမျက်ရည်တွေပါကျလာပြီ]

[အပေါ်ထပ်ရေ မင်းတစ်ခုခုတော့မှားနေပြီ]

[ဘယ်လိုတောင် လှပလိုက်တဲ့မျက်နှာလေးလဲ? Filter သုံးမထားဘူးဆိုတာသေချာရဲ့လား? အလယ်က အသေးဆုံးဘေဘီလေးရေ မားမားကိုဖက်ခွင့်ပေး ]

[ငါကတော့ သစ်အယ်သီးရောင်ဆံပင်နဲ့ ရှောင်ကောကောကိုကြိုက်တယ် သူအရမ်းချောတာပဲ!!]

[အပေါ်ထပ်ရင် ငါတို့အတူတူပဲ သစ်အယ်သီးရောင်ဆံပင်နဲ့ ရှောင်ကောကောကြောင့် လုံးဝပေါက်ကွဲထွက်သွားပြီ]

ခဏကြာတော့ ပိုစ့်တင်တဲ့သူက video ကိုဖြတ်တောက်ကာ တစ်ဦးချင်းစီအတွက် ကာတွန်းပုံများပြုလုပ်ခဲ့သည်။ အဲ့ဒီထဲကမှ လုဝမ်ရှင်းသူ့ခေါင်းကို မော့ထားတဲ့ ကာတွန်းပုံနဲ့ လူငါးဦး သူတို့ရဲ့တင်ပါးတွေကို တစ်ချိန်ထဲမှာထိထားတဲ့ ကာတွန်းပုံ‌မှာ အင်တာနက်အသုံးပြုသူတွေရဲ့ repost လုပ်ခြင်းကိုအများဆုံးခံပြီး comment area မှာမြေခွေးတွေလို အော်ဟစ်ကြတော့သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now