Chapter 21.2

1.6K 243 6
                                    

(Unicode)

"သူရောက်လာတယ်ထင်တယ်။ တစ်ယောက် ယောက်က သူ့ကိုတွေ့လိုက်တယ်လို့ ပြောတယ်။ သူ့ကို သူ့ရဲ့အေးဂျင့်နဲ့ လက်ထောက်က အကာအကွယ်ပေးထားတယ်‌လေ။"

အ၀တ်အစား လဲပြီးသွားပြီဖြစ်တဲ့ လူငယ်တစ်ယောက်ကပြောလိုက်သည်။ “ပြောမ‌နေပါနဲ့၊ အောင်မြင်နေတဲ့ကြယ်ပွင့်တွေရဲ့ အရှိန်အဝါက ငါတို့နဲ့မတူဘူး‌လေ”

" လဲ့ဟန့်ဖေးက ဘယ်ဇာတ်ကောင်ကို လူ‌ရွေးပွဲ ဖြေမှာလဲ၊ သူသာသရုပ်ဆောင်လိုက်ရင် ငါတို့ လိုကြယ်ပွင့်‌ပေါက်စလေးတွေက လူရွေးပွဲဖြေဖို့ရောလို‌ပါ‌ တော့မလား"

"သူဘယ်ဇာတ်ကောင်ကို လူရွေးပွဲဖြေမလဲတော့ ငါလဲမသိဘူး ဇာတ်ဆောင်တွေမဟုတ်ရင်တောင် ဇာတ်ပို့ ဇာတ်ကောင်တွေအများကြီးရှိတယ်လေ"

လဲ့ဟန့်ဖေးရဲ့ ဒရာမာအသစ်ကို မကြာသေးခင်က ထုတ်လွှင့်ခဲ့ပြီး Weibo တွင် ရေပန်းစားမှုမှာ မြင့်မားနေဆဲဖြစ်သည်။ ၎င်းကို စုန့်ကျားကျား တို့ ကုယန့်ရှန်းတို့နဲ့ နှိုင်းယှဉ်လို့မရနိုင်သော်လည်း လဲ့ဟန့်ဖေး သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းအလားအလာအရှိဆုံး ဇာတ်ကားတစ်ကားဖြစ်သည်မှာ သေချာပါသည်။

ဒါပေမယ့် လုဝမ်ရှင်းကတော့ ဘာဖိအားမှမခံစားရပါဘူး။ လဲ့ဟန်ဖေး က ဘယ်ဇာတ်ရုပ်ကိုပဲလူရွေးပွဲလာဖြေဖြေ သူနဲ့နည်းနည်းမှမသက်ဆိုင်ပါ‌ချေ။သူ အကောင်းဆုံးကြိုးစားပြီး သူ့အခန်းကို ကောင်းကောင်းသရုပ်ဆောင်ရမှာပါ။

လုဝမ်ရှင်း ဇာတ်ကောင်အတိုင်း၀တ်စုံ ပြောင်းလဲပြီးတဲ့နောက် stylist သည် ဆံပင်တုကို ၀တ်ဆင်ပေးခဲ့သည်။အခုက အစမ်းသရုပ်ဆောင်ရတာဖြစ်သောကြောင့် မိတ်ကပ်ပညာရှင်သည် ရိုးရိုးရှင်းရှင်းမိတ်ကပ်ကိုသာ ပြင်ပေးခဲ့သည်။

သို့ပေမယ့် သူထွက်လာသည့်အချိန်မှာတော့ နောက်မှာထိုင်နေကြသည့်လူတိုင်း အံ့အားသင့်သွားကြသည်။

လုဝမ်ရှင်းသည် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်ကို အဖြူရောင် ကျောက်စိမ်းသရဖူဖြင့် ချည်နှောင်ထားသည်၊ သူ၏ မျက်ခုံးများမှာ ပေါ်လွင်နေပြီး နှာတံက ဖြောင့်စင်း‌ နေကာ နှုတ်ခမ်းများသည် ချယ်ရီနီရောင်သန်းနေသည် ။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now