Chapter 12

1.8K 306 18
                                    

မျက်စိပသာဒ ဖြစ်စေတယ်

(Unicode)

လုဝမ်ရှင်းဟာ ကုယန့်ရှန်းသူ့ကိုအထင်လွဲသွားမှာကို စိတ်ပူနေသည်။ သူကုယန့်ရှန်းကို လိုင်းပေါ်ကနေ ပုံတွေလက်ခံနေတဲ့အကြောင်းပြောမပြချင်ပေမယ့် ကုယန့်ရှန်းကမယုံရင် ဘယ်လိုလုပ်ရမလဲ။

သူကုယန့်ရှန်းကို စာပို့နေတာတွေပြလိုက်သင့်လား ?

ဒါပေမယ့် စာထဲမှာ သူ့ပုံပါပါနေတာကြောင့် လုဝမ်ရှင်းသူ့ရဲ့ အင်္ကျီကို မြင်အောင်မပြချင်ပါဘူး။ ကုယန့်ရှန်းကိုပြလိုက်ရင် သူသေချာပေါက်မြင်သွားလိမ့်မယ်။

လုဝမ်ရှင်းသေချာစဉ်းစားပြီးသွားတဲ့နောက်မှာ ကုယန့်ရှန်းကိုမပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် ရှင်းပြဖို့တော့ လိုအပ်နေဆဲပါ။

သူ ဒီရသစုံရှိုးမှာ မပါဝင်ခင်တုန်းက ကုယန့်ရှင်းရဲ့ မန်နေဂျာ ရှန့်ချောင်းက လုဝမ်ရှင်းကိုဆက်သွယ်လာပြီး သီးသန့်သ‌ဘောတူညီမှုတစ်ခုမှာ လက်မှတ်ထိုးခဲ့ကြသည်။

ပထမတစ်ချက်ကတော့ နာမည်ကြီးလာဖို့အတွက်နဲ့ ကုယန့်ရှန်းနဲ့ နီးကပ်စွာဆက်ဆံခွင့်မရှိပါဘူး။

လုဝမ်ရှင်းဟာ အစီအစဉ်ရိုက်ကူးနေတုန်းမှာတောင် မလိုအပ်တဲ့ ဆက်ဆံမှုတွေကိုရှောင်ရှားဖို့ ကြိုးစားခဲ့ပါသည်။

ဒုတိယတစ်ချက်ကတော့ ကုယန့်ရှန်းကိုကြိုက်လို့မရပါဘူး။

ဒုတိယအချက်ကိုသူမြင်လိုက်တုန်းက လုဝမ်ရှင်း စိတ်လေသွားပါသည်။ လူတစ်ယောက်ကို ကြိုက်တယ် မကြိုက်ဘူးဆိုတာ စာချုပ်တစ်စောင်နဲ့ ဆုံးဖြတ်ချက်ချလို့ရတယ်လား ?

ဒါပေမယ့် လုဝမ်ရှင်း အကျယ်ကြီးထုတ်မပြောခဲ့ပါဘူး။

ရှန့်ချောင်းနဲ့ ကုယန့်ရှန်းတို့ စိတ်ချစေဖို့ရာ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ သူရိုကျိုးစွာပဲ ပြုမူခဲ့ပါသည်။ ကုယန့်ရှန်းက သူ မောင်းချန်အင်တာတိန်းမန့်ကနေ ထွက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ဖော်ပြထားခြင်းမရှိတဲ့ အချက်ဆယ်ချက်အပါအဝင် ဘဘောတူညီချက် 100 လုံးကို သူလက်မှတ်ထိုးပေးခဲ့ပါသည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now