(Unicode)
[ Hundred Ghosts ] အတွက် လူရွေးပွဲ မြင်ကွင်း။
ကုယန့်ရှန်းသည် နံနက်ပိုင်းတွင် ကုမ္ပဏီသို့သွားခဲ့ပြီး နေ့လည်ပိုင်းတွင် ချင်ယွီသည် သူ့ကိုအလုပ်နေရာကို ခေါ်ဆောင်သွားခဲ့သည်။ သူဝင်သွားသည့် အချိန်တွင် သရုပ်ဆောင်တစ်ဦးသည် အစမ်းသရုပ်ဆောင်ပြနေသည်။
ကုယန့်ရှန်း ၏ တည်ရှိမှုသည် အလွန်အားကောင်းသောကြောင့် သူဝင်လာသည်နှင့်တပြိုင်နက် မျက်လုံးများအားလုံးသည် မူလက သရုပ်ဆောင်ကို အာရုံစိုက်နေရာက ကုယန့်ရှန်း ဘက်သို့ လှည့်လာကြသည်။
သူသည် ယနေ့ ပေါ့ပေါ့ပါးပါး အဝတ်အစားများ ၀တ်ဆင်ထားကာ တံခါးကနေ ဝင်လိုက်သည်နှင့် နှာတံရိုးပေါ်တွင် တပ်ထားသော နေကာမျက်မှန်ကို ချွတ်လိုက်သည်။ သူ၏ ချောမောသော မျက်နှာသွင်ပြင်ကို လူတိုင်းရှေ့ ချက်ချင်း ထွက်ပေါ်လာစေခဲ့သည်။ ချင်ယွီက စားပွဲကို ခေါက်လိုက်သည်။
" သူသရုပ်ဆောင်နေတာကိုလဲ ကြည့်ကြပါအုံး။ ဆက်လုပ်ပါ။"
ကုယန့်ရှန်းသည် ချင်ယွီ၏ ဘယ်ဘက်ရှိ ထိုင်ခုံဆီသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည် ။သူ့မျက်လုံးကိုပင့်လိုက်ပြီး သရုပ်ဆောင်နေဆဲ အနုပညာရှင်များကို ကြည့်လိုက်သည် ။ ချင်ယွီ က သူ့ကို လူရွေးပွဲရဲ့ စာရင်းပေးလိုက်သည်။
"မင်းပြောနေတဲ့ကလေးမလာဘူးလား"
ကုယန့်ရှန်းက လေးလေးနက်နက် တုံ့ပြန်လိုက်သည် "သူလာလိမ့်မယ်"
"ဒီကလေးအကြောင်း ငါတော်တော် သိချင်နေတာမင်းကို ဘယ်လိုလူကများ ငြင်းနိုင်မှာလဲ။ မင်း နဲ့ ရသစုံရှိုး အတူတူရိုက်ကူးရေးလုပ်ဖို့ကိုလဲ တစ်ခါတည်း ငြင်းလိုက်တယ် ဆိုတာ ငါကြားတယ်။ ဒါ ကဒုတိယအကြိမ်မလား ?"
ကုယန့်ရှန်း : "အဲ့တော့ ဘာဖြစ်လဲ ? သူလာမှာပဲလေ"
" ကျစ် " ချင်ယွီက သူ့မေးစေ့ကို ပင့်လိုက်ပြီး ကုယန့်ရှန်းကို မျက်စောင်းထိုးနေရာကို ကြည့်ခိုင်းလိုက်သည် "မင်းသာတစ်ယောက်ယောက်ကို ရှာမတွေ့ခဲ့ရင် ဒါရိုက်တာဝမ်က လဲ့ဟန့်ဖေးကို လူရွေးပွဲဖြေခိုင်းလိမ့်မယ်။"

YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
RomanceEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...