Chapter 17

1.9K 292 10
                                    


(Unicode)

"မင်းကဘာလို့ဒီမှာရပ်နေသေးတာတုန်း ! အကုန်လုံးရယ်နေကြတယ်လေ !"

စုန့်ကျားကျားက ပထမဆုံး အသိပြန်ဝင်လာသည်။ "ဟဲ့ နင် ကြားလိုက်လား ရှန်း‌ကောက ဟာသလုပ်နေတယ်?"

"ဟားးဟားးဟားးး ရှန်းကောက ဟာသဉာဏ်အရမ်းရှိတာပဲ"

"မြောင်မြောင် နင့်အပြုံးကြီးက အရမ်းကိုအတုအယောင်ဆန်လွန်းတယ်" စုန့်ကျားကျား အေးစက်စွာနဲ့ သူမကိုထုတ်ဖော်လိုက်သည်။

"ရှန်းကော နောက်လိုက်တာက အရမ်းရုတ်တရက်ဆန်လွန်းတော့ ငါချက်ချင်း မတုံ့ပြန်လိုက်နိုင်ဘူး"

ကုယန့်ရှန်းက ဘာမှမရှင်းပြပဲ လုဝမ်ရှင်းကိုသာ အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူတို့မျက်လုံးချင်းစုံသွားတော့ လုဝမ်ရှင်း ခေါင်းကိုငုံ့ကာ ဘာမှမဖြစ်ခဲ့သလိုမျိုး နေလိုက်သည်။

သူစကားမပြောသရွေ့ သူ့ကိုရှက်ရွံ့အောင် လုပ်နိုင်မှာမဟုတ်ဘူး။

သူတို့ဟာ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ကစားနေကြတာကြောင့် အချိန်ဟာ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားတော့သည်။ နေ့လည်ရောက်တော့မှာ ဖြစ်ပေမယ့် ဒါရိုက်တာအဖွဲ့ကတော့ မနေ့ကယဉ်ပြိုင်ခဲ့တဲ့ မဲရလဒ်ကို အခုအချိန်ထိ မကြေငြာသေးချေ။

ဒါရိုက်တာက အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ "ဒီအပိုင်းက သည်းထိတ်ရင်ဖိုစရာအဖြစ်ကျန်ခဲ့လိမ့်မယ် မဲရလဒ်ကို တတိယအပိုင်းထုတ်လွှင့်တဲ့အခါကြမှကြေငြာပါမယ် အနိုင်ရတဲ့အသင်းက ဆုလက်ခံရလိမ့်မယ်~"

စုန့်ကျားကျား : "......စကားပြောတယ်ဆို စကားပြော‌တယ်ပေါ့  ဘာလို့နှာသံနဲ့ လာပြောနေတာလဲ"

"ငါ့ရဲ့သမီးငယ်လေးကပြောတယ် ဒီလိုပြောတာက ပိုချစ်ဖို့ကောင်းတယ်တဲ့ သူတို့မူကြိုကကလေးတွေအကုန်လုံးကလဲ ဒီလိုပဲပြောကြတာပဲတဲ့~"

လူတိုင်း : ".........."

ဒီအပိုင်းရိုက်ကူးရေးက ဒီနေရာမှာပဲ ပြီးဆုံးသွားပါပြီ။ စုန့်ကျားကျားသည် နောက်တစ်နေရာကိုသွားဖို့ အပြေးအလွှားလုပ်နေရသည်။ ရိုက်ကူးရေးမပြီးခင်ကတည်း nanny ကားဟာ အပြင်ဘက်မှာ ရိုက်ကူးရေးပြီးမှာကို စောင့်နေခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now