(Unicode)
ည ၇ နာရီတွင်
ကုယန့်ရှန်း နဲ့ လုဝမ်ရှင်း တို့သည် စျေးဝယ်စင်တာအနီးရှိ စားသောက်ဆိုင်တွင် ညစာစားရန် ချိန်းဆိုခဲ့ကြသည်။ လုဝမ်ရှင်းကို စားပွဲထိုးက သီးသန့်ခန်းဆီကို ခေါ်ဆောင်သွားသောအခါတွင် ကုယန့်ရှန်း သည် သူ့ကို စောင့်နေပြီဖြစ်သည်။
စားသောက်ဆိုင်တွင် အပူပေးစက်ဖွင့်ထားသည်။ ကုယန့်ရှန်းသည် သူ၏အင်္ကျီကို ချွတ်ထားပြီး အောက်ဘက်တွင် မီးခိုးရောင် သိုးမွှေးဆွယ်တာအင်္ကျီကို ၀တ်ထားသည်။ သူသည် မျက်တောင်များကို အောက်ချထားပြီး သူ့လက်ထဲကဇာတ်ညွှန်းကို ဖတ်နေသည်။
"တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွားတယ်"
ကုယန့်ရှန်း သူ့လက်ထဲက ဇာတ်ညွှန်းကိုပိတ်လိုက်ပြီး လုဝမ်ရှင်းကို လှည့်ကြည့်လိုက်သည်။ သူသည် အဖြူရောင်အင်္ကျီကို ၀တ်ထားပြီး သူ့လက်ထဲတွင် စက္ကူအိတ်တစ်အိတ်ကို ကိုင်ထားသည်။
"ကိုယ်က စောလာခဲ့တာပါ"
လုဝမ်ရှင်း ထိုင်လိုက်ပြီး သူ့ရဲ့ကုတ်အင်္ကျီကို ချွတ်လိုက်ကာ "ကုလောင်ရှီး ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
ကုယန့်ရှန်း က လုဝမ်ရှင်း ကို သူ့လက်ထဲမှာရှိတဲ့ မီနူးကို ပေးလိုက်ပြီး "အရင်စားရအောင် စားပြီးမှစကားပြောကြတာပေါ့"
အစားအသောက်တွေမရောက်ခင် အချိန်လောက်အနည်းငယ်ကြာပါလိမ့်မည်။ သီးသန့်ခန်းထဲမှာ တိတ်ဆိတ်လွန်းနေပြီး သူနဲ့ ကုယန့်ရှန်း နှစ်ယောက်ပဲ ရှိပါသည်။ လုဝမ်ရှင်း စိတ်မသက်မသာဖြစ်နေပြီး မနေနိုင်တော့ပဲ နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်ပါတော့သည်။
"ကုလောင်ရှီး၊ ကျွန်တော့်ကိုတွေ့ချင်တာက လူရွေးပွဲဖြေစေချင်လို့လား။"
"ဟုတ်တယ်" Gu Yanshen က တည့်တိုးပဲမေးလိုက်တော့သည်။
" မင်း [ Hundred Ghosts ] ကိုဖတ်ဖူးလားတော့ ကိုယ်မသိဘူး"
လုဝမ်ရှင်းက ရုပ်ရှင်ကြည့်ခြင်းကနေ မှတ်စုတွေထုတ်ယူထားတာဖြစ်မည်ဟု ကုယန့်ရှန်း တွေးထင်ခဲ့သည်။ တကယ်လို့ သူ့သာစာဖတ်ခြင်းကို ဝါသနာပါပါက၊ စာဖတ်ခြင်း ကနေလဲ မှတ်စုထုတ်ယူထားလိမ့်မည် ။

YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
DragosteEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...