Chapter 9

2K 327 18
                                    


Hot search ပေါ်ရောက်သွားပြန်ပြီ

(Unicode)

" ပိတ်ရက်အကန့်အသတ်မရှိ " ထုတ်လွှင့်မယ့်အချိန်ကို ကြေငြာပြီးသွားတဲ့နောက် မိသားစုသုံးစုက ဖန်တွေဟာ အစောကြီးကတည်းက စောင့်မျှော်နေကြတော့သည်။

ရသစုံရှိုးကြည့်ရတာကိုကြိုက်တဲ့ များစွာသောပရိတ်သတ်တွေဟာ ဒီရှိုးကိုကြည့်ခွင့်ရဖို့ စောင့်မျှော်နေခဲ့သည်မှာ အချိန်အတော်ကြာနေပါပြီ။ ရသစုံရှိုးများဟာ အလုပ်နဲ့ စာလေ့လာသင်ယူပြီးတဲ့ နောက်မှာ အပန်းဖြေအနားယူဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်လာသည်။ အစီအစဉ်မစခင်မှာ ဒီနေ့ရဲ့ဧည့်သည်သုံးယောက်ကို မိတ်ဆက်ပေးခဲ့သည်။ သူတို့ရဲ့ idol တွေအကြောင်းကိုပြောကြတဲ့အခါ ဖန်တွေက မြန်မြန်ထုတ်ဖော်ပြဖို့ မှတ်ချက်တွေတစ်ခုပြီးတစ်ခုရေးကြတော့သည်။

အဲ့ဒီနောက်မှာတော့ screen မျက်နှာပြင်ဟာမျိုးစုံသော မှတ်ချက်တွေနဲ့ သူတို့ idol ကလွဲပြီး ကျန်တာဘာမှမမြင်ကြတဲ့ အမာခံဖန်တွေနဲ့ ပြည့်နှက်သွားတော့သည်။ ကုယန့်ရှန်းကို မိတ်ဆက်ပြီးတဲ့နောက်မှာတော့ အမာခံဖန်တွေရဲ့မှတ်ချက်တွေဟာ ဖန်အဟောင်းတွေရဲ့ မှတ်ချက်အနည်းငယ်ကြားမှာ ပြိုးပြိုးပြောက်ပြောက်နဲ့ ပါဝင်ရောယှက်လာတော့သည်။

[ အခုက ငါတို့ရှန်းကောရဲ့အလှည့်ပဲ!!! ဆန်ခေါက်ဆွဲတွေ အမြန်လာကြ!!!!! ]

[ Ahhhhhhhhhhhhhhhhhhhhhh ဒီမျက်နှာလှလှလေးအတွက် ငါတိုက်ခိုက်နိုင်တယ်!!!! အပိုင်းတိုတိုလေးတစ်ခုက ငါ့ကိုငိုမိအောင်လုပ်နိုင်တယ် ]

[ ရှန်းကောရဲ့ ပွဲဦးထွက် ရသစုံရှိုး ! ! ! ]

[ ရှန်းကောရဲ့ အေးစက်ပြီးတည်ငြိမ်တဲ့ စရိုက်ကိုပဲမကြည့်ရင်တောင် သူကတကယ့်ကို အထက်စီးဆန်တဲ့လူတစ်ယောက် ဖြစ်နေတုန်းပဲ ]

[ အဲ့ဒီ့အကြောင်းကိုပြောရရင် ဖန်တွေက ရှန်းကောကိုအများကြီးမျက်နှာသာပေးပြီး ချီးကျူးကြပေမယ့် ငါခန့်မှန်းကြည့်ရသလောက်ကတော့ ရှန်းကောက ရသစုံရှိုးအပေါ် ဘာခံစားချက်မှမရှိဘူးထင်တာပဲ ဒါပေမယ့်ထုတ်မပြောရဲပါဘူး ! ! ! ] (ပြောပြီးသွားပြီလေ:⁠^⁠)

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now