(Unicode)
ဒါက ဘယ်လိုတောင် ရှက်စရာကောင်းတဲ့ စာကြောင်းကြီးလဲ ?
လုဝမ်ရှင်းဟာ ဒီမစ်ရှင်ကို ပေးခဲ့တဲ့ ကြည့်ရှုသူဟာ ညစ်ညမ်းနဲ့သွေးတွေနဲ့ ဖန်တစ်ယောက်ဖြစ်လိမ့်မည်ဟု သံသယရှိနေခဲ့သည်။
"ကျွန်တော် နောက်တစ်ခါထပ်ရွေးလို့ရမလား?" လုဝမ်ရှင်း အစမ်းသဘောဖြင့် မေးလိုက်သည်။
"မရဘူး"
မျှော်လင့်ထားတဲ့အဖြေဖြစ်ပေမယ့် လုဝမ်ရှင်းအဖို့ လက်ခံရမှာ ခက်ခဲနေတုန်းပါပင်။ မရွေးခင်တုန်းက ရှိနေခဲ့တဲ့ သူ့ရဲအေးဆေးတည်ငြိမ်မှုတို့ဟာလဲ ထပ်ပြီးမတည်ရှိနိုင်တော့ချေ။ အခုအချိန်မှာ အသက်ရှင်ဖို့ရာ ဘာမှမကျန်ရှိတော့။
သူမရှက်တတ်ပါဘူး ဒါပေမယ့် ဒီလိုအရမ်းရှက်ဖို့ကောင်းတဲ့ စာကြောင်းကြီးကိုလဲ သူမပြောနိုင်ပါဘူးဒါကတကယ်တမ်းမှာ လုဝမ်ရှင်းနဲ့ ရင်းနှီးတဲ့ဝေ့ဇီ ဒါမှမဟုတ်ရင် လုဝမ်ရှင်းရဲ့ အခန်းဖော်တွေလို ရင်းနှီးတဲ့သူမျိုးဆိုရင်တော့ ဒါက သူ့အတွက် ရိုးရှင်းတဲ့ကိစ္စတစ်ခုပါ။
ဒါပေမယ့် ပစ်မှတ်က ကုယန့်ရှန်းဖြစ်နေတော့.....
လုဝမ်ရှင်း၏အတွေးထဲတွင် : ငါ့ကိုနေရာမှာတင် ပေါက်ကွဲသွားခွင့်ပြုလိုက်တာကမှ ပိုကောင်းအုံးမယ်
"ကျွန်တော်တို့ တာဝန်တွေကိုလဲလှယ်လို့ရလား ?" လုဝမ်ရှင်း ကျိုးဇီထုန်ကို မျက်လုံးတောက်တောက်လေးတွေနဲ့ စိုက်ကြည့်လိုက်သည်။
ကျိုးဇီထုန် က သတိနဲ့ပြန်ကြည့်လိုက်သည်။ သူထိုစကားလုံးတွေကို အင်တာနက်တစ်ခုလုံးရှေ့မှာ လုံးဝမပြောချင်ပါ။
ဝမ်မြောင်က လုဝမ်ရှင်းကို အပြုံးတစ်ပွင့်ဖြင့်ကြည့်ကာ "ရှင်းရှင်း နင်ငါနဲ့လဲချင်လား ?"
စုန့်ကျားကျားကို သူရည်ရွယ်ချက်ရှိရှိမပြောပဲနဲ့ ယောဂလုပ်ခိုင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် စုန့်ကျားကျားကို ထိုစကားလုံးတွေပြောဖို့ဆိုတာကတော့ လုံးဝကိုလွယ်ကူပါသည်။
လုဝမ်ရှင်း ဘာမှမပြောရသေးခင်မှာပဲ ကျိုးဇီထုန်က အရင်ပြောလိုက်သည်။ "ဘာလို့လဲရမှာလဲ ? အမကျားကျားမှာ ဝမ်းဗိုက်ကြွက်သားတွေရှိလို့လား ?"

YOU ARE READING
ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်
RomanceEng name - After Retiring From The Entertainment Industry, I Became The Real Young Master Of A Luxurious Family အပြည့်အစုံရေးလို့မရလို့ မြန်မာလိုခေါင်းစဉ်ကိုချုံ့လိုက်တာပါဗျ 104 chapters နဲ့ extra 10ပိုင်းရှိပါတယ် Eng ကနေဘာသာပြန်တာပါဗျ မူရင်းစာရေးသူ...