Chapter 14

1.7K 299 10
                                    

(Unicode)

"အားးးးးး ရှင်းရှင်းသူတို့အရမ်းစည်းလုံးကြတာပဲ နှင်းဆီပန်းကိုနမ်းပြီး ပေးတာက အရမ်းမိုက်လွန်းတယ်"

"အမှားလုပ်မိသွားတာပဲ ရှင်းမင်ကောရော ညီမရောက ဘယ်လိုသီချင်းဆိုရမလဲဆိုတာပဲသိတာလေ ရှင်းရှင်းတို့ကိုကြည့်ပါအုံး ထောင်ချောက်တွေမှအများကြီးပဲ ဘားအဆိုတော်လေးပဲမဟုတ်ဘူးလား ? ဘာလို့သူတို့က ကနေကြတာလဲ !" ဝမ်မြောင်က စုန့်ကျားကျားလက်ကိုဆွဲကာ တိုင်တန်းတော့သည်။

လီရှင်းမင်ကလဲ ခေါင်းညိမ့်ကာ ထောက်ခံသည်။ "လုံးဝကို ဖုံးကွယ်ထားကြတာ နေ့လည်တုန်းက ငါနဲ့ဝမ်မြောင် သူတို့အစမ်းလေ့ကျင့်တာကို ကြည့်ဖို့သွားသေးတယ် ဒါပေမယ့် ငါတို့ကိုလုံးဝအဝင်မခံဘူးလေ"

အဲ့တာကိုပြောပြီးတဲ့နောက်မှာတော့ လီရှင်းမင် ဝမ်းနည်းသလိုခံစားလိုက်ရသည်။ "အစက ငါ့ရဲ့ကုတ်အင်္ကျီကို အဝေးကိုပစ်ချင်တာ ဒါပေမယ့် ငါနည်းနည်းတုံ့ဆိုင်းသွားပြီးတော့ ဒီအတိုင်းပဲဆင်းလာလိုက်တာ"

သူတို့သုံးဖွဲ့လုံး ဖျော်ဖြေပြီးသွားတဲ့အခါမှာတော့ ရိုက်ကူးရေးအဖွဲ့ကလူတွေဟာ စားပွဲထိုးတွေလိုဝတ်ဆင်ပြီး ပရိတ်သတ်တွေဆီက နှင်းဆီပန်းတွေကို လိုက်လံကောက်ခံခဲ့ကြသည်။

လုဝမ်ရှင်း စင်ပေါ်ကနေဆင်းဖို့ရာ လှေကားကိုမသုံးပဲ တိုက်ရိုက် ခုန်ချလိုက်သည်။ ဝမ်ယွီကလဲ သူ့နောက်ကနေလိုက်ကာ ခုန်ချလာသည်။

"ကော ဘာလို့ဒီမှာရှိနေတာလဲ ?" လုဝမ်ရှင်း အနည်းငယ် အံ့အားသင့်နေသည်။

ကုယန့်ရှင်းက လုဝမ်ရှင်းပြောခဲ့တဲ့အသံကို တုပကာ

"ခနနေ ကောရဲ့ ပါတနာဖျော်ဖြေမှာကိုကြည့်ဖို့မမေ့နဲ့နော်"

ထိုစကားက လုဝမ်ရှင်း ဘားထဲကမထွက်ခင် ကုယန့်ရှန်းကိုပြောခဲ့သောစကား‌ဖြစ်သည်။ သူကစနောက်ပြီးပဲပြောခဲ့တာပါ။

ဘား နဲ့ စတိတ်စင်က မျက်နှာချင်းဆိုင် အနေအထားနဲ့ရှိနေတာဖြစ်သည်။ ကုယန့်ရှန်း စတိတ်စင်ပေါ်ကဖျော်ဖြေနေမှုကို ထိုနေရာကနေလဲ ကောင်းကောင်းမြင်ရပါသည်။ ဒါပေမယ့် သူကတော့ လူအုပ်ကြီးကိုဖြတ်ပြီး စင်ရှေ့မှာရပ်ဖို့ကို ရွေးချယ်ခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now