Chapter 11

1.8K 318 27
                                    

နူးညံ့သိမ်မွေ့တဲ့ ငါးဆားနူလေး

(Unicode)

လုဝမ်ရှင်း ရေမိုးချိုးပြီး အိပ်ယာပေါ်မှာလှဲပြီးတဲ့နောက်မှာ စုန့်ကျားကျားရဲ့ Weibo ပိုစ့်ကိုသတိရသွားပြီး နိုပ်မကြည့်ပဲမနေနိုင်တော့ပေ။

လုဝမ်ရှင်း ဓာတ်ပုံရိုက်တုန်းကရှက်ရွံ့မှုကိုပြန်မခံစားချင်တာကြောင့် ဓာတ်ပုံကိုနည်းနည်းလေးတောင်မကြည့်ဘဲ comment ကိုတိုက်ရိုက်ဖွင့်လိုက်သည်။ လူကြိုက်အများဆုံး comment မှာ ____

[ ယောင်္ကျားလေးတွေပန်းရောင်ကြိုက်လို့မရဘူးလို့ဘယ်သူပြောလဲ ]

[ ယောင်္ကျားလေးတွေနဲ့ ပန်းရောင် ရှေ့ဆက်ပြီးတော့ အတူတူ ပိုပြီးကောင်းကောင်းမွန်မွန်နေကြရအောင် ]

[ နင်တို့တွေ ပန်းရောင်ကြယ်လေးကိုမြင်ဖူးကြရဲ့လား ? ငါကတော့မြင်ဖူးသွားပြီ~ ]

[ အခုချိန်ကစပြီး ငါမြင်နေရတဲ့ကြယ်တွေက ပန်းရောင်တွေပဲဖြစ်နေတော့မှာပဲ ]

[ အမကျားကျားရေ ! ! ! ဘယ်လိုလုပ်ရမလဲဆိုတာသိနေပြီပဲ များများလေးထပ်လုပ်ပေးပါ လျှာနဲ့လျက်ရတာမလုံလောက်ဘူးလို့ ! ! ! ]

[ နှာခေါင်းသွေးတွေထွက်လာပြီ ]

[ အင်တာနက်ပေါ်က ဓာတ်ပုံတွေကိုကြည့်ကြည့်‌လိုက်တော့ ဝါးနေတာတွေကြည့်ပဲ အမကျားကျားကိုကျေးဇူးတင်ပါတယ် နောက်ဆုံးတော့ငါ့ဖုန်းအတွက် wallpaper ရခဲ့ပြီ ]

ရိုးအလှသော လူရိုးကလေးလုဝမ်ရှင်းဟာ သူပန်းရောင်ကိုမကြိုက်ဘူးဆိုတာရှင်းပြနေသရွေ့အဆင်ပြေသွားလိမ့်မယ်လို့တွေးနေခဲ့ပါသည်။ ရလဒ်အနေနဲ့ကတော့ အမှန်တရားက သူ့ကိုပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ပါသည်။ ကောင်းရော အခုတော့ အင်တာနက်တစ်ခုလုံး သူပန်းရောင်ကြိုက်တယ်လို့ ထင်သွားကြပါပြီ။

အခုလို နားလည်မှုတွေလွဲကုန်ရတာ အကုန်လုံးက ကုယန့်ရှန်းကြောင့်ပဲ

လုဝမ်ရှင်းသည် စိတ်ပျက်လက်ပျက်ဖြင့် Weibo ကိုပိတိလိုက်ပြီး ကုယန့်ရှန်းကလဲ ရေချိုးဖို့ရာထွက်သွားသည်။ ခနလောက်ကြာအောင် ဖုန်းကိုဆက်ကိုင်ထားခဲ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now