Chapter 8

1.9K 307 29
                                    

စပရိုက်အတွက်ပြင်ဆင်ခြင်း

(Unicode)

ကုယန့်ရှန်း အိမ်မက်မက်နေချိန်မှာ ကြက်တွေအများကြီး ဝိုင်းတွန်နေကြသည်။

အဲ့ဒီအသံက စတူဒီယိုပတ်ဝန်းကျင်မှာပဲရှိနေသေးသည်။ ဆူညံမှုကြောင့် ခေါင်းကိုက်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ တရားခံ ကြက်ဖကလေးကို မြေပြင်ပေါ်မှာတွေ့လိုက်ရသည်။

ကြက်ဖကလေးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် လည်ပင်းကိုမြှောက်ကာ ခြေထောက်တိုတိုလေးတွေနဲ့ ပြေးရင်း တွန်နေသည်။ အသံကကျယ်လွန်းတာကြောင့် အိမ်ခေါင်မိုးတောင် ပြိုကျတော့မည်။

အဲ့ဒီနောက်မှာ‌တော့ သူကြက်ဖ‌လေးရဲ့ပိုင်ရှင်ကိုကြည့်လိုက်သည်။ ကောင်ကလေးဟာ ပိုးကောင်လိုမျိုး လိမ့်နေခဲ့ပြီး သူရဲ့သစ်ကြားသီးရောင် ခေါင်းကလေးကိုတစ်ဝက်သာမြင်ရသည်။ စောင်အောက်တွင် မလှုပ်မယှက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေနေပြီး ကြက်ဖမ်းဖို့ရာ ရည်ရွယ်ချက်လဲရှိမနေပေ။

မခံနိုင်တော့တဲ့အဆုံးမှာတော့ ကုယန့်ရှန်းစောင်ကိုဖယ်လိုက်ပြီး ကြက်ဖမ်းဖို့ရာ အိပ်ယာပေါ်ကထလိုက်သည်။ ကြက်ဖကလေးသည် ခြေထောက်တိုပေမယ့် အတော်လေးအပြေးမြန်သည်။ ကြက်ဖကလေးသည် ရေချိုးခန်းထဲတွင် မတော်တဆ ချော်လဲသွားတာကြောင့် နောက်ကလိုက်လာတဲ့ ကုယန့်ရှန်းက နေရာတွင်ပဲ ဖမ်းမိသွားတော့သည်။

Alarm ကိုပိတ်ပြီးသွားတဲ့အခါမှာတော့ ကုယန့်ရှန်း ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားသလိုခံစားလိုက်ရသည်။

သူ ခေါင်းဖြီးကိုကောက်ယူလိုက်ပြီး ကြက်ဖကလေးကို လုဝမ်ရှင်းရဲ့ကုတင်ဘေးက စားပွဲပေါ်ကို တင်လိုက်သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေါ်နေသည့် လုဝမ်ရှင်းကိုတစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုမှားနေပြီဆိုတာ သတိပြုမိလိုက်သည်။

ကုတင်ပေါ်ကလူသည် အသက်ရှုကြပ်နေသကဲ့သို့ ပါးပြင်များနီရဲနေကာ မျက်မှောင်ကြုတ်နေခဲ့သည်။ ကုယန့်ရှန်းသည် လုဝမ်ရှင်းကိုနှိုးဖို့ရာကြိုးစားခဲ့ပေမယ့် သူ့ကိုထိလိုက်တဲ့အခါ ခန္ဓာကိုယ်ကအပူရှိန်ကြောင့် သူ့ရဲ့လက်ပါပူသွားသည်။ လုဝမ်ရှင်းရဲ့ နဖူးကိုစမ်းကြည့်လိုက်တော့ အမှန်တကယ်ကို အဖျားတက်နေခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now