Chapter 6

2.3K 364 23
                                    

နည်းနည်းလေးပဲသင်ယူခဲ့တာပါ

(Unicode)

ကုယန့်ရှန်း ပိုစတာကိုနက်ရှိုင်းစွာစိုက်ကြည့်နေပြီး သူပြန်ရောက်တဲ့အခါ ကုယန့်နင် ကိုဘယ်လိုသင်ခန်းစာပေးရမလဲဆိုတာကိုပါ စဉ်းစားနေတော့သည်။

မနေ့ညက ကားသွားမမောင်းတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့အိတ်ထဲကို ပိုစတာထည့်ဖို့ အခွင့်အရေးကိုချောင်းနေတာဖြစ်မည်။

ကုယန့်ရှန်း Meng Cheng entertainment ကိုသွားတဲ့နေ့တုန်းက သူ့အတွက်လက်မှတ်ပါတဲ့ဓာတ်ပုံ‌ယူခဲ့ဖို့ ‌ရှန့်ချောင်းကိုနှုတ်နဲ့ပြောခဲ့ပေမယ့် အင်တာဗျူးပြီးသွားတော့ ကုယန့်ရှန်းအဲ့ဒီအကြောင်းကိုမေ့သွားခဲ့သည်။ အလုပ်ပိတ်ရက်တွေမှာဆိုရင် သူရှန့်ချောင်းကိုဘာပဲပြောပြော ရှန့်ချောင်းက လမ်းလျှောက်နေတဲ့ မှတ်စုစာအုပ်ကြီးလို အကုန်လုံးကိုရှင်းရှင်းလင်းလင်း မှတ်မိနေလိမ့်မည်။

ဒါပေမယ့် အဲ့ဒီနေ့တုန်းက ရှန့်ချောင်းကလဲ အကြောင်းပြချက်တစ်ချို့ကြောင့် စိတ်အခြေအနေမကောင်းဖြစ်နေခဲ့သည်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးမေ့သွားတော့သည်။

ကုယန့်ရှင်းက သူ့အတွက် ဓာတ်ပုံရော လက်မှတ်ပါမတောင်းခဲ့မှန်း ကုယန့်နင် သိသွားတော့ သူ့ကိုနှောင့်ယှက်ဖို့ရာ အကြိမ်ပေါင်းများစွာဖုန်းခေါ်ခဲ့သည်။ ကုယန့်ရှန်း သည်းမခံနိုင်တော့တာကြောင့် ကုယန့်နင်ရဲ့ အတန်းပိုင်ဆရာဆီကို တိုက်ရိုက်ဖုန်းဆက်ကာ ကုယန့်နင်ရဲ့ ဖုန်းကိုသိမ်းခိုင်းလိုက်တော့သည်။

နောက်ဆုံးစာမေးပွဲက သောကြာနေ့ကပြီးဆုံးသွားခဲ့ပေမယ့် ကုယန့်နင်က အိမ်မပြန်ခဲ့ပါဘူး။ ကျောင်းပြီးသွားကတည်းက သူကကုယန့်ရှန်းရဲ့ အိမ်ရှေ့မှာထိုင်စောင့်နေခဲ့သည်။  သူဘယ်လိုပဲခက်ခက်ခဲခဲ ပြေးလွှားနေရပါစေ အိမ်ပြန်ဖို့ ငြင်းဆန်ပြီး အိမ်ထဲဝင်ခွင့်ရဖို့ လှည့်ပတ်ပြီးတောင်းဆိုနေတုန်းပါပဲ။ လာမယ့်အပတ်ကစပြီး ကျောင်းကနောက်နှစ်ဝက်အတွက် အတန်းတွေကို ပြင်ဆင်တော့မှာမလို့ သူ့မှာအားလပ်ရက်နှစ်ရက်သာရှိတော့သည်ဟုပင် ပြောခဲ့‌ သေးသည်။

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now