Chapter 13

2K 348 17
                                    

မွှေးရနံ့တစ်ခုမင်းလက်ထဲမှာစွဲကျန်နေတယ်

(Unicode)

"ငါတို့ရဲ့ ကူညီပေးမယ့် ဧည့်သည်ရောက်လာပါပြီ စောင့်မျှော်ပြီး ကြိုဆိုပေးကြပါအုံး"

ဒါရိုက်တာစကားပြောတာပြီးသွားတဲ့အခါမှာပဲ အိမ်ထဲက ခေါင်းလောင်းကမြည်လာခဲ့သည်။

"ကျွန်မတံခါးဖွင့်ပေးလိုက်မယ်" ဝမ်မြောင် ထရပ်လိုက်ပြီး တံခါးဆီကိုလျှောက်သွားလိုက်သည်။ "ဝိုး !"

ဝမ်မြောင်ရဲ့ အံ့အားသင့်နေတဲ့အသံကိုကြားလိုက်ရတာကြောင့် အကုန်လုံးက လှည့်ကြည့်လိုက်ကြသည်။

"အဲ့ဒါက ဝမ်ယွီပဲ"

"ဟေး ဧည့်သည်တွေက မပြောင်းဘူးပေါ့ ?"

"ငါတို့တွေ ဝမ်ယွီကို ကြုဆိုကြရအောင်" ဒါရိုက်တာက ဦးဆောင်ပြီး လက်ခုပ်နှစ်ချက် တီးလိုက်သည်။

ဝမ်ယွီရဲ့ ပေါ်ပေါက်လာမှုက အကုန်လုံးကို အံ့အားသင့်သွားစေသည်။ သူတို့အားလုံးက တစ်ပိုင်းကိုဧည့်သည်တစ်‌ယောက်ပြောင်းလိမ့်မယ်လို့ တွေးထားခဲ့ကြသည်။ လုဝမ်ရှင်းတစ်ယောက်ပဲ အများကြီး အံ့ဩမသွားခဲ့တာပါ။ ကူညီပေးမယ့် ဧည့်သည်တွေကို တစ်ပိုင်းကနေ နှစ်ပိုင်းကို ပြောင်းလဲခဲ့တဲ့အကြောင်း မနေ့ညက ကုယန့်ရှန်းဆီကသူကြားခဲ့ပါသည်။ နှစ်ပိုင်းကိုတစ်ခါပြောင်းလဲမှာဖြစ်ပြီး ရိုက်ကူးမယ့်နေရာလဲအတူတူပါပဲ။

တတိယအပိုင်းရိုက်ကူးမယ့်နေရာကို မသတ်မှတ်ရသေးပေမယ့် G မြို့မှာ ရိုက်ကူးမည်မဟုတ်ပေ။

"ဟိုင်း ဘာလဲ ကျွန်တော့်ကိုတွေ့လိုက်ရလို့စိတ်ပျက်သွားကြတာလား" ဝမ်ယွီက အံ့အားသင့်နေတဲ့ လူတွေကိုကြည့်လိုက်ပြီး စနောက်ခြင်းတစ်ဝက်နဲ့ပြောလိုက်သည်။

"ကြိုဆိုပါတယ်" ရှောင်းယွီ စုန့်ကျားကျားက ဒါရိုက်တာနဲ့ ပူးပေါင်းလိုက်ပြီး လက်ခုပ်တီးလိုက်ကာ ဝမ်ယွီကိုပြောလိုက်သည်။ "ရှောင်းယွီအတွက် ရှန်းကောနဲ့ နှစ်ပိုင်းတောင် အတူတူအဖွဲ့ကြရတာ ပျင်းစရာကြီးဖြစ်နေမှာပေါ့ ငါတို့အဖွဲ့နဲ့ မပူးပေါင်းချင်ဘူးလား ?"

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now