Chapter 3

2.4K 331 15
                                    

လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဉက္ကဋ္ဌ

(Unicode)

"ဒါပဲလား?"

အနုပညာရှင်တွေဟာသူတို့ကို တိတ်တိတ်နေခိုင်းထားတာကို ဂရုမစိုက်ကြတော့ပါဘူး။ သူတို့မျက်လုံးထဲက အံ့အားသင့်မှုတွေကိုတောင် ဖုံးကွယ်မထားနိုင်ကြတော့ပါ။

"လုဝမ်ရှင်းကတော့ အထွတ်အထိတ်နေရာကို ရောက်သွားပြီပဲ။ အစကသူ့ရဲ့ ပထမအဆင့်ကြော်ငြာကိုဆုံးရှုံးလိုက်ရတယ်။ နောက်တော့ရော ရုပ်ရှင်ဧက္ကရာဇ်ကုကသူ့ကို ရွေးလိုက်ပြီ‌‌လေ"

"ဒါမျိုးကို ပြောင်းပြန်လှန်လိုက်တယ်လို့ ခေါ်တာ ဟုတ်တယ်မလား? သူ့ကိုချီးကျူးပါတယ်"

"ဝမ်ယု , လုဝမ်ရှင်းရဲ့ ကြော်ငြာကို ကြားဖြတ်ယူလိုက်တုန်းကရော ဝမ်လုရှင်းက သူ့ကိုလဲအခုလိုတူညီတဲ့နည်းမျိုးနဲ့ပြန်ပြီး ကြားဖြတ်လုနိုင်တယ်လို့ တွေးထားလောက်လား?"

"ဘာလို့ ပေါက်က‌ရတွေပြောနေတာလဲ။ ကြော်ငြာက မန်နေဂျာကပေးတာလေ အကိုဝမ်က လိုချင်လို့တောင်းတာမှမဟုတ်တာ။ ငါတို့အကုန်လုံးက 18လိုင်းစတားပေါက်စလေးတွေလေ။ မန်နေဂျာစကားကိုနားမထောင်လို့ရမလား?"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဝမ်ယုရိုက်တဲ့ ကြော်ငြာက လုဝမ်ရှင်းရဲ့ဟာပဲလေ။ လုဝမ်ရှင်းနဲ့ လက်မှတ်ထိုးထားတာကို မန်နေဂျာကအစားထိုးခဲ့တာပဲကို"

"အခုတော့ လုဝမ်ရှင်းက အင်တာဗျူးမှာ ဝမ်ယုနေရာမှာအစားထိုးဖို့ အရွေးခံလိုက်တယ်လေ F**k လုဝမ်ရှင်းက တော်တော်မိုက်တာပဲ"

"တကယ်တော့ ဝမ်ယု အရွေးခံရမယ်လို့ ကောက်ချက်ချလို့မရဘူးလေ"

"အမှန်ပဲ"

ဒီကိစ္စမှာပါဝင်ပတ်သတ်နေတဲ့ လုဝမ်ရှင်းကတော့ ပျော်လဲမပျော် သလို ဝမ်းလဲနည်းမနေပါ။ စိတ်လှုပ်ရှားနေတဲ့ တခြားအနုပညာရှင်တွေနဲ့ ယှဉ်လိုက်ရင်တော့ သူ့ဦးနှောက်ဟာ ရပ်တန့်နေတဲ့ အခြေအနေကို ရောက်သွားပါပြီ။

ဒီဇာတ်‌ကွက်ရဲ့ ကြိုတင်ဖန်တီးမှုကြီးက ဘယ်လိုတောင် သူတွေးထားတာထက်ရယ်စရာကောင်းနေရတာလဲ? သူကဘာလဲ? သူအမြှောက်စာလမ်းကြောင်းကို မရည်ရွယ်ပဲ ရွေးမိသွားတာလား?

ဖျော်ဖြေရေးနယ်ပယ်ကအနားယူပြီးတဲ့နောက်မှာ အစစ်အမှန်သခင်လေးတစ်ယောက်ဖြစ်လာတယ်Where stories live. Discover now