Chapter ~ 1

8.5K 396 10
                                    

Unicode

"ပြောင်မြောက်လှပါတယ်ဆိုတဲ့ ဝမ် မိသားစု နောက်ဆုံးတော့အကုန်သွားပြီကွ ။ ဟားဟားဟား!"
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ငေါက်တာနဲ့ သူတို့ကပျော်ရွှင်တဲ့ အမူအရာများဖြင့် ဇိမ်ခံအိမ်ကြီးရဲ့အနီးတစ်ဝိုက်မှာစုရုံးလိုက်ကြတယ်။

"ကောင်းပြီ၊ ငါတို့ရဲ့ ချောမောတဲ့ ယောက်ျားကို နောက်တစ်ခါ ဘယ်သူမှ လုယူမှာ မဟုတ်ဘူး!"

"ဒါဆို ငါ့အိမ်ကနေ လုယက်ခံရတဲ့ ‌မြောင်လန် ထွက်လာ
တော့မှာလား"

"ငါ့ရဲ့ ရှောင်လန် လည်းပါတယ်။"

"ပြီးတော့ ငါ့ လီရှု့ခိုင်"

~~~

ဘာတွေဖြစ်ကုန်တာလဲ!!

အဲ့တာကသူ့ကိုစုတ်ပြတ်သတ်‌နေတဲ့ပုံစံဖြစ်သွားစေတယ်။
သူက အဲဒီလူတွေကို အိမ်မှာ ဧည့်သည်အဖြစ်
ယဉ်ယဉ်ကျေး‌ကျေး ဖိတ်လိုက်ရုံလေးပဲ မဟုတ်ဘူးလား။

ပြီးတော့ ‌မြောင်လန်၊ရှောင်လန်၊ရှု့ခိုင် တို့တွေကိုအတင်းအကျပ်ညှင်းဆဲပြီးမနေခိုင်းခဲ့ပါဘူး။ဘာမှမဖော်ပြနိုင်တဲ့အဖြစ်အပျက်မျိုးလည်းမဖြစ်ခဲ့ပါဘူး။အဲ့တာကိုဒီလူအုပ်ကိုဘယ်လိုပြောပြရမလဲ။

ဝမ်ကျင်း ဟာမျက်လုံးဖွင့်ဖို့ ရုန်းကန်နေရင်း ဒီလူတွေ အမှန်တရားသိအောင်ပြော‌ဖို့ ပါးစပ်ဆယ်ပေါက်ရှိလာဖို့သာ ဆုတောင်းနေမိတယ်။

ဒါပေမယ့် သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ကမှိန်ဖျော့နေပြီး အနီးနားတွင် မည်သူမျှမရှိပေ။ ဆူဆူညံညံအသံများ ပျောက်ကွယ်သွားကာ အနီးနားပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်‌နေသည်။

သူ အနည်းငယ် လှုပ်ဖို့ကြိုးစားလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က စူးစူးရှရှ နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရတယ်။ တုန်လှုပ်ခြောက်ခြားစွာနဲ့ မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။

အဲ့တာက နေရာတိုင်းမှာ ဖုန်ထူနေတဲ့ ရွှံ့နွံအိမ်တစ်လုံးဖြစ်ပြီး အလွန်ပင်မှောင်မိုက်နေတယ်။ သူ့ရှေ့မှာ ပြတင်းပေါက်တစ်ခုရှိပြီး ပြတင်းပေါက်ဟာ တိရစ္ဆာန်အရေခွံများဖြင့် ဖုံးအုပ်ထားတဲ့အတွက် အလင်းရောင်မဝင်ရောက်နိုင်ပေ။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Donde viven las historias. Descúbrelo ahora