🍒အခန်း-၁ 🍒
"အက်ရေ......အက်စတာရေ.....
ဒီမှာ မင်းအစ်မလာတယ်....."အက် နောက်ဖေးမှာပန်းကန်ဆေးနေရင်
သူမနှင့်ရွယ်တူ ထမင်းဆိုင်မှကောင်မလေးက
မမရောက်လာတယ်ဟု အော်ခေါ်နေတာကြာင့်
လက်လေးကို ထမိန်လေးနှင့်မထိတထိလေး
သုတ်လိုက်ရင်း ဆိုင်ရှေ့သို့ထွက်လာလိုက်
ပေသည်။"မမ......"
အက် အဝေးကနေလှမ်းမြင်နေရသည့် မမပုံစံက
သားသားနားနားနှင့်ပင်။ဟိုတစ်ခေါက်လာတုန်းက သူဌေးတစ်ယောက်က မမကိုစပွန်ဆာပေး
ထားတယ်ဆိုလားပဲ။အများတွေပြောနေကြတာတော့ သူဌေးရဲ့မယားငယ်ပေါ့လေ။မမကိုကြည့်ရတာ ထိုဘဝမှာပဲပျော်နေသလိုပင် ပျော်ရင်လဲ
ပျော်လောက်ပါပေတယ်။အက်တို့တစ်ခါမှ
မဝတ်ဖူး မစားဖူးတာတွေလုပ်နေရတာတော့
ပျော်မှာပါပဲလေ။"လာ....ညီမလေး...ထိုင်...
မမ...ညီမလေးကို လာခေါ်တော့မဲ့အကြောင်း
လာပြောတာ....""မမက...ဘယ်လိုခေါ်မှာလဲ...
မမတောင် သူများအိမ်မှာ
ကပ်နေနေတာ မဟုတ်ဘူးလား.....""ဟီး....မမကို ဦးကလေ...
ဟို...ဦးမိုးစက်ကလေ မမကို
ကွန်ဒိုတစ်ခန်းဝယ်ပေးလိုက်ပြီး
သိလား...ဟင်းးး....."မမရေဗက္ကာ၏သဘောကျနှစ်ခြိုက်စွာ
ပြောနေသည့်စကားကြောင့် အက်ကြောင်တောင်တောင်လေးဖြစ်သွားရသည်။
မမက တကယ်ပဲသူများမယားငယ်လုပ်ရတဲ့
ဘဝမှာပျော်နေတာလား အက် သိချင်မိသည်။"မမရယ်...အဲဘဝကနေ...
ရုန်းထွက်ပြီး ကွကိုရိုးရိုးသားသား
ရှာစားစမ်းပါဟာ.....""ဟဲ့...မိအက်စတာ...
ရိုးရိုးသားသားဆိုတဲ့စကားကို
မပြောစမ်းပါနဲ့.....
အခုခေတ်မှာ လူရိုးဆိုတာ
သချိုင်းကုန်းမှာပဲ ရှိတော့တယ်...
ဒီထမင်းဆိုင်သေးသေးလေးမှာ
ငါ့ဘဝကိုအချိန်ကုန်မခံနိုင်ဘူး...
ညည်းလဲ ဒီဘဝမှာပဲသာယာမနေနဲ့......""အခုဘဝက.. ဘာဖြစ်နေလို့လဲ...မမ
ကွကို ရိုးရိုးသားသားရှာဖွေစားသောက်တာလေ
အဲဒါ.ဘာဖြစ်လို့လဲ..... "္"အက်စတာ...ညည်းရဲ့ပုစွန်ဦးနှောက်သေးသေး
ေလးနဲ့ ဘာမှပြောမနေနဲ့....ငါခိုင်းတဲ့အတိုင်းသာလုပ်......နောက်တစ်ပတ်ဆိုတာနဲ့ ညည်းကို
လာခေါ်မယ်...ဆိုင်ရှင်ကိုလဲ ပြောထားပီးသား
ညည်းသာ အဆင်သင့်ပြင်ထား.....ကဲ...
သွားမယ်...မောင် စောင့်နေရတာ ကြာလှပြီး...."
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Fantasyငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...