🍒အခန်း-၆🍒
တံခွန်စိုင်း ဒီနေ့သူမလေးရှိရာထမင်းဆိုင်သို့
သွားရန် ကားသော့အားယူ၍ အပြင်သို့
ထွက်လာချိန် သိပ်မကျယ်လှသော ခြံထဲ၏
သစ်ပင်အောက်တွင် ဂစ်တာတီးနေသည့်
သူငယ်ချင်းဖြစ်သူကို လှမ်းကြည့်လိုက်ရင်း..."သားကြီးရေ ငါအပြင်သွားမလို့...
မင်းလိုက်ဦးမလား....""ဟေ့ကောင် တံခွန်....
မင်းကဘယ်သွားမလို့လည်း.....""ဟီး အသည်းနှလုံးသားလေးကို
ဘယ်လိုအပိုင်သိမ်းရမလည်းဆိုတာ...
အပြင်ထွက်ရင်း စုံစမ်းမလို့...
ပြီးတော့ နောက်တစ်ပတ်
ငါမေမေတို့အိမ်ပြန်တော့မယ်...""ဟာ...မင်းတကယ်ပြောနေတာလားတံခွန်..."
"တကယ်ပေါ့ကွာ......"
သူ့အပြောကြောင့် ခေတ်နိုင် ခေါင်းထောင်သွားပြီး ပါးစပ်အဟောင်းသားလေးနှင့်ကြည့်ကာ
သူ့နားသို့ ဂီတာကိုင်ပြီးလာရင်း...."တံခွန်....မင်းအမြင်မှန်ရသွားတာလား......"
"အဟွန်း...အမြင်မှန်မဟုတ်ဘူးကွ....
ငါနှလုံးသားကို အပိုင်သိမ်းဖို့က
ငါ့မှာအလုပ်အကိုင်ရှိမှဖြစ်မှာ.....
ဒါမှလည်း သူမလေးကို တင့်တောင့်တင့်တယ်ထားနိုင်မှာလေ......"ခေတ်နိုင် တံခွန်အပြောကြောင့်
ခပ်မဲ့မဲ့လေးရွဲ့ကာ........."မင်းကလည်း....အဲကောင်မလေးက
ဘယ်မှာနေလည်းဆိုတာတောင်
မင်းမသိသေးပဲနဲ့...အခုထဲက
တစ်ဖက်သတ်ကို အပိုင်သိမ်းနေတာနော်......""အဟင်း ငါကဘယ်သူလည်း.....
တံခွန်စိုင်းပါကွ တံခွန်စိုင်းလိုချင်တာဆို...
ဘဝမှာမရဘူးဆိုတာ မရှိစေရဘူး.......""အေးပါ ပြောထားပေါ့...
မင်းကရုပ်ရည်လည်းရှိ
မိဘကလည်း အရမ်းအောင်မြင်ချမ်းသာနေတဲ့ သူဌေးဆိုတော့........"တံခွန် ခေတ်နိုင်၏အပြောကို သဘောကျသလို
ရယ်လိုက်ကာ......."ဟားးး....မဆိုင်ပါဘူးးကွာ....
ငါ့အရည်အချင်းနဲ့ငါ သူမလေးကို
ချမ်းချမ်းသာသာ ထားနိုင်အောင်
ကြိုးစားမှာကွ.......""အေးပါကွာ တံခွန်...
မင်းတကယ်ကိုးရူးသွားတာပဲ...
မင်း အဲဒီမိန်းကလေးကို
ချစ်တာ ပေါ့ပေါ့တန်တန်တော့မဟုတ်ဘူးနော်....
အရူးရင့်နေပြီ.......ဟေ့ဟျောင့်ရေ....."
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...